Olivia Munn reveals breast cancer diagnosis ဟောလီဝုဒ် မင်းသမီး ရင်သားကင်ဆာတွေ့ရှိ

၁၄-၃-၂၀၂၄ နေ့ကသတင်းဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Olivia Munn ဟာ မနှစ်ကတည်းက ရောဂါကိုတွေ့ရှိခဲ့တယ်။ အခုဆိုရင် ခွဲစိတ်ကုသမှု ၄ ကြိမ်လုပ်ရပြီးပြီ။ ရင်သားနှစ်ဖက်လုံးကို ထုတ်ထားရတယ်။

ထူးခြားချက်ကတော့ အခုလိုရင်သားကင်ဆာလို့ မသိခင်၂ လ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ လထဲမှာ စစ်တော့ mammogram မင်မိုဂရမ်ကလည်း ပုံမှန်၊ test for cancer genes ခေါ် မျိုးဗီဇစစ်ဆေးမှုကလည်း ပုံမှန်သာ ပြခဲ့တယ်။

အရွယ်ရောက် အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၀-၁၂% ရှိတယ်။ မျိုးဗီဇစစ်ဆေးမှု + ပြသူတွေ ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၆၀-၈၀% ရှိတယ်။

ယူအက်စ်အေကလာတဲ့ ကျန်းမာရေးသတင်းဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ဘာတွေ မစားနဲ့၊ ဘာတွေစားပါ၊ ဘယ်ဖြည့်စွက်စာတွေ ဝယ်ပါလို့ တစိုးတစိမှ မပါ။ မြန်မာလိုရေးတဲ့နေရာတွေမှာတော့ အဲလိုဟာတွေကိုသာ အသားပေးနေကြတယ်။ မလုပ်ကြပါနဲ့။

မြန်မာပြည်သူတွေ ရင်သားကင်ဆာကို စောစောသိအောင်စစ်၊ စနစ်တကျကုသမှုရယူပြီး၊ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ