Olivia Munn reveals breast cancer diagnosis ဟောလီဝုဒ် မင်းသမီး ရင်သားကင်ဆာတွေ့ရှိ

၁၄-၃-၂၀၂၄ နေ့ကသတင်းဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Olivia Munn ဟာ မနှစ်ကတည်းက ရောဂါကိုတွေ့ရှိခဲ့တယ်။ အခုဆိုရင် ခွဲစိတ်ကုသမှု ၄ ကြိမ်လုပ်ရပြီးပြီ။ ရင်သားနှစ်ဖက်လုံးကို ထုတ်ထားရတယ်။

ထူးခြားချက်ကတော့ အခုလိုရင်သားကင်ဆာလို့ မသိခင်၂ လ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ လထဲမှာ စစ်တော့ mammogram မင်မိုဂရမ်ကလည်း ပုံမှန်၊ test for cancer genes ခေါ် မျိုးဗီဇစစ်ဆေးမှုကလည်း ပုံမှန်သာ ပြခဲ့တယ်။

အရွယ်ရောက် အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၀-၁၂% ရှိတယ်။ မျိုးဗီဇစစ်ဆေးမှု + ပြသူတွေ ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၆၀-၈၀% ရှိတယ်။

ယူအက်စ်အေကလာတဲ့ ကျန်းမာရေးသတင်းဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ဘာတွေ မစားနဲ့၊ ဘာတွေစားပါ၊ ဘယ်ဖြည့်စွက်စာတွေ ဝယ်ပါလို့ တစိုးတစိမှ မပါ။ မြန်မာလိုရေးတဲ့နေရာတွေမှာတော့ အဲလိုဟာတွေကိုသာ အသားပေးနေကြတယ်။ မလုပ်ကြပါနဲ့။

မြန်မာပြည်သူတွေ ရင်သားကင်ဆာကို စောစောသိအောင်စစ်၊ စနစ်တကျကုသမှုရယူပြီး၊ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ