Polymyositis ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါ

၅၅ နှစ် မိန်းမ polymyositis လို့ပြောပါတယ်ဆရာ အဲ့ရောဂါ အကြောင်းလေး သိချင်လို့ပါဆရာ ဆရာ့ blog ထဲမှာတော့ auto immune disease လို့ဖတ်ရပါတယ်ဆရာ သေသေချာချာ မသိလို့ပါခင်ဗျ

ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါဆိုတာ ရှားတဲ့ ခုခံအားကမောက်မရောဂါတမျိုးဖြစ်တယ်။ ကြွက်သားတွေကို ထိခိုက်တယ်။ ကိုယ့်ခုခံမှုစံနစ်က ကိုယ့်တစ်ရှူးတွေကို ရန်သူလိုသဘောထားပြီး တိုက်ထုတ်နေခြင်းဖြစ်တယ်။ ဆောရီး။

ပခုံး၊ တင်ပါ။ လက်မောင်းနဲ့ လည်ပင်းကကြွက်သားတွေမှာဖြစ်တာများတယ်။ အားနည်းမယ်။ နာမယ်။

အသက် ၅၀ နဲ့ ၇၀ နှစ်တွေကြားဖြစ်သူများတယ်။ တယောက်နဲ့တယောက် ခံစားကြရတာမတူတတ်ပါ။ ယူအက်စ်အေမှာ လူနာ ၂ သိန်းရှိတယ်။ 

ကုသနည်းတွေရှိတယ်။ ဘယ်ဟာကအကောင်းဆုံးလို့မရှိ။ မပျောက်နိုင်။ ဆောရီး။ သက်သာအောင်သာ လုပ်ပေးနိုင်သေးတယ်။ 

Corticosteroids စတီရွိုက်ဆေးတွေပေးတယ်။ ထိုးဆေး (1 mg per kg) နဲ့ စားဆေးတွေ။ 

Immunosuppressive Drugs ခုခံအားနှိမ်ဆေးသုံးတယ်။ azathioprine (Imuran), mycophenolate mofetil (Cellcept) နဲ့ Tacrolimus (Prograf) ဆေးတွေဖြစ်တယ်။

Disease-Modifying Antirheumatic Drugs (DMARDs) ဆေးတွေလည်းသုံးတယ်။

Cyclosporine (Neoral, Sandimmune) ဆေးလည်းသုံးတယ်။

Methotrexate (Rheumatrex) ဆေးလည်းသုံးတယ်။

Cyclophosphamide (Cytoxan) ဆေးလည်းသုံးတယ်။

Immunoglobulin Therapy (IVIg, SubQ Ig) ဆေးလည်းသုံးတယ်။

Rituximab ဆေးလည်းသုံးတယ်။

Acthar Gel ဆေးလည်းသုံးတယ်။

Plasmapheresis (plasma exchange) ဆေးလည်းသုံးတယ်။

'မိန်းမ' အစား 'အမျိုးသမီး' လို့ ရေးသင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ