Seasonal illnesses ဥတုပြောင်း နေမကောင်းခြင်း

ဆရာ ခုမန္တလေးမှာ ကလေးလူကြီး ဖျားနေကြတာ၊ တအိမ်မှာတယောက်ဖျားရင် အတူနေတွေပါ ဖျားကြတယ်။ အစားမစားချင် ပေါင်တွေခြေထောက်တွေကိုက်ခဲလိုက် လူကလှုပ်ကိုမလှုပ်ချင်တော့ပဲ အားကုန်နေသလိုဖြစ်နေတာ ပထမတရက်နှစ်ရက်က ပေါင်ကနေခြေဖျားအထိ လေးကြသွားတာ ချောင်းဆိုး၊ ချွဲပါ ချောင်းဆိုးရလို့ အရှိုက်တွေပါနာတယ် ဆေးခန်းပြပါတယ်။ အဖျားပျောက်ပြီး ချောင်းဆိုးတာရက်ရှည်ကြတယ်။ အများစုက ၁၀ ရက်လောက်ကြာတယ်ဆရာ။ အဲလိုတွေမဖျားကြသေးတဲ့ တပတ်လောက်က လေထဲက မြူဆိုင်းသလို လမ်းသွားရင်း ဆိုင်ကယ်စီးရင်း မျက်လုံးထဲဝင်လိုက်တာနဲ့ စပ်ပြီးမျက်ရည်တွေကြတယ် အများစုဖြစ်တာ။လေထုညစ်ညမ်းတာလားလို့ ထင်မိတယ်ဆရာ။ ဘာတုတ်ကွေးလဲမသိ တော်တော်လေး ပမ်းသွားတယ်ဆရာ။

ဥတုပြောင်းမှာ ဖြစ်လေ့ရှိတယ်။ ယူအက်စ်အေ တချို့မြို့တွေမှာ နေမကောင်းဖြစ်ကြတယ်။ ဆောင်းဝင် တုပ်ကွေး၊ နွေဦး ရေကျောက်၊ နွေရာသီမှာ ပိုလီယို နဲ့ ဂနိုရီးယားတွေဟာ သူ့ရာသီနဲ့သူ အဖြစ်များတယ်။ RSV (respiratory syncytial virus) အသက်ရှူလမ်းဗိုင်းရပ်စ်လည်း ပါတယ်။

ဖျား၊ ချောင်းဆိုး၊ တချို့ ဝမ်းပျက် (ကန်တော့)၊ ကိုက်ခဲ၊ လည်ချောင်းနာ စတဲ့ ယေဘုယျရောဂါလက္ခဏာတွေ ခံစားကြရတယ်။ ရောဂါက အဆိုးကြီး မဟုတ်ပါ။ ပါရာစီတမော၊ အိုင်ဘူပရိုဖင် သောက်နိုင်တယ်။ တနေ့မှာ ၁-၂-၃ ကြိမ်။ မပူ အနာရင် ဆေးရပ်လို့ရတယ်။ ချောင်းဆိုးတာအတွက် တချို့မှာသာ အမောက်ဆာစီလင် ပဋိဇီဝဆေး လိုတယ်။ ၅၀၀ မီလီဂရမ်၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ချောင်းဆိုးပျောက်ဆေး ဘယ်လိုဆေးမဆို သောက်လိုက သောက်နိုင်တယ်။

ဆား + ရေနွေးနဲ့ ခံတွင်း သန့်ရှင်းတာ ကောင်းတယ်။

အစားအသောက် ပုံမှန်စာနိုင်တယ်။

နားနေနိုင်ရင် ကောင်းတယ်။

Cold အအေမိခြင်း

အသင့်အတင့် ကိုယ်ပူဖျား၊

အသင့်အတင့် ချောင်းဆိုး၊

နှာရည်ယို၊

လည်ချောင်းနာ၊

နှာချေ၊

ကိုက်ခဲ၊

Flu တုပ်ကွေး

ရေဓါတ်နည်း၊

အားနည်း၊

ခေါင်းကိုက်၊

ချမ်း၊

ဖျား၊

နှာချေ၊

ချောင်းဆိုး၊

အန်၊ ဝမ်းလျော၊

RSV အသက်ရှူလမ်း ဗိုင်းရပ်စ်

အနည်းငယ်ဖျား၊

ရေဓါတ်နည်း၊

ချောင်းဆိုး၊

ခေါင်းကိုက်၊

နှာရည်ယို၊

Croup ကလေးများချောင်းဆိုးခြင်းတမျိုး

အသက်ရှူသံပြင်း၊

အသက်ရှူမြန်၊

မျိုချရခက်၊

သွားရေကျ၊

မျက်စိကြည့်မကောင်း၊

စိုးရိမ်၊

နေမကောင်း၊

အရေပြားအရောင်ခပ်ပြာပြာဖြစ်၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ