Takayasu arteritis ရောဂါ

မင်္ဂလာပါ ဆရာရှင့် သမီးရဲ့ သူငယ်ချင်းညီမလေး တယောက် Takarasu's syndrome ရောဂါနဲ့ ဆုံးသွားပါတယ်ရှင့် ဒီရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတ လုံးဝမရှိလို့ ဆရာ အချိန်ရမယ်ဆိုရင် ရောဂါဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ရှင်းပြပေးပါရှင့် ဆရာ ကျန်းမာသက်ရှည်ပါစေ 

Takayasu arteritis ရောဂါ

pulseless disease လို့လည်း ခေါ်တယ်။ သွေးလွှတ်ကြောတွေ ရောင်တယ်။

ရောဂါဖြစ်စမှာ ဖျား၊ မအီမသာဖြစ်၊ ကိုယ်အလေးချိန်ကျ၊ ကြွက်သားတွေ အဆစ်တွေနာ၊ ညချွေးထွက်၊ အစားပျက်ဆိုတဲ့ မရေမရာလက္ခဏာတွေသာ ခံစားရမယ်။

ရောဂါ အဆင့် ၂ ရောက်လာရင် လက်ကောက်ဝတ်သွေးခုန်တာကို စမ်းလို့မရတော့ပါ။ သွေးဖိအား တိုင်းရတာလည်း ခက်လာတယ်။ ခေါင်းမူး၊ သတိမေ့ချင်၊ ခေါင်းကိုက်၊ မှတ်ဉယဏ်နည်းလာ၊ စဉ်းစားရတာမကြည်လင်၊ ရင်ဘတ်နာ၊ အသက်ရှူခက်ခဲ၊ ဝမ်းပျက်၊ ဝမ်းထဲသွေးပါ၊ သွေးတိုး၊ သွေးအားနည်းလာမယ်။

ဒီရောဂါ ဘာ့ကြောင့်ဖြစ်ရသလဲ မသိနိုင်သေးပါ။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အာရှသွေးပါသူတွေမှာ ပိုတွေ့ရတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ