Tamoxifen ဆေးကို ကာကွယ်ဆေးအဖြစ်သုံးခြင်း

5/7/23, 11:21 PM

မဂ်လာပါ ဆရာရှင့် သမီးမေးချင်တာလေး‌တွေရှိလို့ မေးခွင့်ပြုပါနော် အသက် ၃၇၊ အပျိုပါ ရင်သားနှစ်ဖက်လုံးမှာ ရေအိတ်လေးတွေရှိပါတယ် 5နှစ်လောက်တော့ရှိပါပြီ ထွေထွေထူးထူးတော့သိပ်မခံစားရပါ၊ ရာသီလာခါနီးရင်တော့နာပါတယ် ultrasound အခုပြန်စစ်တော့ ရေအိတ်ကသေးသွားတယ်လို့ပြောပါတယ် အရင်လည်း ultrasound ရိုက်ပြီးပြပါတယ်၊ ဆေးကတော့ Prim E ပဲသောက်ပါတယ်၊အခု ဆေးပေးထားတာက  Tamoxifen 20mg ညတစ်ကြိမ်(တကြိမ်)သောက်ခိုင်းပါတယ်  အဲ့ဆေးက ကင်ဆာသမားတွေပဲ သောက်ရတာပြောလို့  side effects တွေလည်းများတော့ သောက်သင့်ပါလားဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါနော်

မေးထားတာကို အခုမှသာ တွေ့ရ။ လိုသေး မေးနိုင်။

Tamoxifen ဆေးကို ကာကွယ်ဆေးအဖြစ်သုံးခြင်း

အမျိုးသမီးတွေမှာ hormone-positive breast cancers အမျိုးအစား ရင်သားကင်ဆာဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့လည်း ပေးပါတယ်။

လေ့လာမှုတွေအရ ဒီဆေးကြောင့် ရင်သားကင်ဆာဖြစ်မှုကို ၃ ပုံ ၁ ပုံကာကွယ်နိုင်တာ တွေ့ရတယ်။

အများဆုံးဖြစ်တဲ့ ဘေးထွက်သက်ရောက်မှုများ

• အရိုးနာ၊ ကင်ဆာနေရာနာ

• မျက်နှာနီမြန်း

• ပျို့

• အားနည်း

• စိတ်မူပြောင်း

• စိတ်ကျ

• ခေါင်းကိုက်

• ဆံပင်ပါး

• ဝမ်းချုပ်

• အရေပြားခြောက်

• လိင်စိတ်နည်း။

Tamoxifen ဆေး https://dr-tint-swe.blogspot.com/2022/11/tamoxifen_29.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ