15 Worst Foods for High Blood Pressure သွေးတိုးတက်စေသည့် အဆိုးဆုံးအစားအစာများ


- ငါဘာကောင်လဲသွေးတိုးစမ်းချင်ရင် ဒံပေါက်၂ပွဲပို့လိုက်

- ဒူးရင်းသီးပါ ထည့်ပို့လို့ရတယ်

- အုန်းနို့သာခွေယိုင်ပါထည့်ပို့ရမှာ 

- ဒညင်းသီး အုန်းနို့ဆမ်းပါထည့်

ရယ်စရာသဘောနဲ့ တင်ထားတာတခု ဖတ်ရတဲ့အတွက် ဒီစာကို အသစ်ရေးပြီး တင်ပြပါတယ်။

သွေးတိုးတက်စေသည့် အဆိုးဆုံးအစားအစာများ

1. Salt ဆား

2. Canned Soups ဗူးနဲ့လာတဲ့ စွပ်ပြုတ်

3. Processed Meat ပြုပြင်ထားတဲ့ အသား

4. Bacon ဘေကွန် (ဝက်ပေါင်ခြောက်)

5. Trans Fats ပြုုပြင်ထားတဲ့ စားသုံးဆီ

6. Alcohol အရက်

7. Sugar သကြား

8. Chinese Food တရုပ်စာများ

9. Canned Spaghetti Sauce ဗူးနဲ့လာတဲ့ စပယ်ဂတီ ဆော့စ်

10. Caffeine ကေဖင်းဓါတ်ပါ သောက်စရာများ

11. Pickles တည်ထားတဲ့အချဉ်အမျိုးမျိုး

12. Cheese ဒိန်ခဲ

13. Frozen Pizza အအေးခန်းမှာထားသိုတဲ့ ပီဇာ

14. Canned or Bottled Tomatoes ဗူးနဲ့လာတဲ့ ခရမ်းချဉ်

15. Cured Ham ဝက်ပေါင်ခြောက်

မှတ်ချက်

သူများနိုင်ငံတွေမှာ စားသုံးတဲ့အစားအစောတွေသာ ဖြစ်ပါတယ်။ သုတေသနပြုမှုတွေကလည်း သူများနိုင်ငံတွေမှာသာ လုပ်တယ်။

မြန်မာပြည်ကအစားအစာတွေနဲ့ ချိန်ထိုးကြည့်ရပါမယ်။ ဆားမပါတဲ့စားစရာက နည်းတယ်။ ဥပမာ ငပိ အမျိုးမျိုး၊ ငါးခြောက် အမျိုးမျိုး၊၊ ပုစွန်ခြောက်၊ ငန်ပြည်ရည်၊ ဟင်းချိုမှုန့်၊ အသားမှုန့်၊ အရသာမှုန့်။

မြန်မာပြည်မှာ လူအများက တက်တယ်၊ သွေးတိုးမယ်၊ အိပ်ချင်မယ် စသဖြင့် ပြောနေကြတဲ့ အသီးအရွက်၊ အသီးအနှံတွေက ထင်မှတ်မှားနေကြတာသာ ဖြစ်ပါတယ်။

ဘယ်အကြောင်းအရာကိုမဆို လေ့လာမှု၊ ဆန်းစစ်မှု၊ သုတေသနပြုမှုတွေအရသာ ကောင်းတယ်၊ ဆိုးတယ်၊ မှန်တယ်၊ မှားတယ်၊ များတယ်၊ နည်းတယ်လို့ ပြောအပ်ပါတယ်။

လေ့လာမှုဆိုတာကလည်း စနစ်ကျရပါဦးမယ်။ ယုတ္တိတန်ရမယ်။

ခက်တာက အရိုးစွဲပြီး ထင်မှတ်မှားနေတာတွေက များတယ်။ 

တမာရွက် တက်တယ်လို့ ထင်မှတ်မှားနေသူတွေက တမာရွက်ဆိုတဲ့အသံနဲ့ အိမ်ပေါ်ရောက်နေကြပြီ။ နေထိုင်တာကတော့ မြေစိုက်အိမ်တွေမှာ။

တမာရွက်က မတက်ပါ။ တမာရွက်နဲ့စားတဲ့ ငပိချက်၊ ငန်ပြာရည်ဖျော်၊ ငပိထောင်းတွေကသာ သွေးတိုးတက်စေတယ်။ နီးမ် ခေါ် တမာထဲမှာပါတဲ့ဓါတ်က သွေးတိုးကျတယ်လို့ အိန္ဒိယလေ့လာမှုတခုက ဆိုပါတယ်။

ခရမ်းသီးစားရင် ချောင်းဆိုးမယ်ထင်သူတွေက သူတို့သောက်နေတဲ့ မာလ်ဘိုရိုက်ကို လွတ်စေလုပ်ထားကြတယ်။ အရက်ကို ဘေးမဲ့ပေးထားကြတယ်။

ယူအက်စ်အေမှာ စားကြတဲ့ ပစ်ကယ်လ် ဆိုတာ မြန်မာပြည်က လက်လုပ်ချဉ်ပါဘဲ။ ဆားများမှသာ လုပ်လို့ရတဲ့စားစရာ။ အဲဒီ ဆား ခေါ် ဆိုဒီယမ် က သွေးတိုး တက်စေတာ။

လျှာကလည်း ပြင်ရခက်တယ်။ အယူအစွဲက ပိုခက်တယ်။ အဲတော့ သွေးတိုးတက်တယ်။

အခုစာကို သဘောပေါက်လက်ခံသူ နည်းမယ်မှန်းလည်း သိပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ