Abstraction ဝါးလုံးသိမ်းကောက်ချက်

မိန်းမသားတွေက သင်္ချာ အားနည်းတယ်။

တင်ထားတာတခုဖြစ်ပါတယ်။ စာရေးတာ စာလုံးပေါင်းသတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

အချက်အလက်ကိုတော့ ပြောချင်တယ်။

ယေဘုယျကောက်ချက်တိုင်းမှာ ချွင်းချက်တွေရှိတယ်။

ယောက်ျားတိုင်းသည်၊ အမျိုးသမီးတိုင်းသည်၊ မြန်မာလူမျိုးတိုင်းသည် စဖြင့် ကောက်ချက်ချတာတွေက ရာခိုင်နှုန်းတချို့သာ မှန်နိုင်တယ်။

အမျိုးသမီးနဲ့ အမျိုးသားတွေမှာ ထူးခြားချက်တွေ မတူတာတော့ အမှန်ရှိပါတယ်။

ကျား-မ ဦးနှောက်အလုပ်မတူကြပါ။

ဓါတ်ခွဲခန်းအဖြေ ပုံမှန်ကိန်းဂဏန်းတွေကို ကျား-မ ခွဲထားတာရှိတယ်။

ကင်ဆာစာရင်းမှာလည်း ကျား-မ ခွဲထားတာရှိတယ်။

ရောဂါတိုင်း ဖြစ်နှုန်း၊ သေဆုံးနှုန်းမှာလည်း ကျား-မ ခွဲထားတာရှိတယ်။

အသက်ရှည်နှုန်းလည်း ကျား-မ မတူကြပါ။

ဦးနှောက်အရွယ်အစား မတူကြပါ။

ကမာ္ဘ့ အိုင်ကျူအမြင့်ဆုံး (၁ဝ) ဦးစာရင်းထဲမှာ အမျိုးသမီး ၂ ဦးပါတယ်။

မြန်မာပြည်မှာ သုတေသနလုပ်ရင် အလွန်စိတ်ဝင်စားစရာ ရလဒ်တွေ ထွက်လာပါမယ်။ ကျွန်တော် ပြည်တွင်းမှာ ဆရာဝန်အလုပ်ကို ၁၇ နှစ်လုပ်ခဲ့တယ်။ အများအားဖြင့် အညာမြေပြန့်ဒေသမှာသာဖြစ်တယ်။ သူငယ်ချင်းဆရာဝန်တွေက တခြားနေရာတွေမှာ တာဝန်ကျတယ်။ ကျွန်တော်တို့တတွေ အများဆုံးကုသပေးကြရတဲ့ ရောဂါစာရင်း မတူကြပါ။

ကျွန်တော် နယူးဒေလီမှာ ၁၂ နှစ်ကြာ ယမုန်နာဆေးခန်းဖွင့်ခဲ့တယ်။ လူနာ ၉၅% က တိုင်းရင်းသူတိုင်းရင်းသားတွေ။ ပြည်တွင်းမှာ တွေ့ခဲ့တဲ့ အဖြစ်များရောဂါတွေ သိသိသာသာမတူတာ တွေ့ပါတယ်။

ယူအက်စ်အေမှာ သုတေသနအများစုမှာ အသားဖြူ၊ အသားမည်း၊ အာရှသွေးပါသူ စသဖြင့် ခွဲပြီး လေ့လာပါတယ်။

အချုပ်

ဘယ်အကြောင်းအရာကိုမဆို ဝါးလုံးသိမ်းကောက်ချက်တိုင်း မခိုင်မာ မတိကျပါ။ လွဲနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ