ဆရာဝန်လည်း ဖြစ်ပါသည်
ကျန်းမာရေး မေးတာတွေ သိသိသာသာနည်းလာပါသည်။ အမေးအဖြေတွေ စလုပ်တဲ့ လွန်ခဲ့တဲ့ ၂၀၀၂ ကဆိုရင် နေမကောင်းလို့မေးကြတာတွေ များတယ်။ တနေ့မှာ ၂၀ ဦးကနေ ၅၀ ဦးအထိ မေးကြတယ်။ ဖေ့စ်ဘွတ် မပေါ်သေးခင် အီးမေးလ်ခေတ်မှာ များတယ်။
ကျွန်တော်က ဆေးပညာစာတွေကို ဆေးကျောင်းမှာလို တခန်းချင်းမရေးပါ။ လာတဲ့မေးခွန်းထဲကရောဂါကို ရေးပါတယ်။ ရောဂါတွေ စုံသလောက ကုန်သလောက်ရှိပြီ။
ကျန်းမာရေးမေးတာတွေ နည်းလာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။
၁။ တခြားဆရာဝန်တွေကိုလည်း မေးလို့ရနေပြီ။
၂။ ကျွန်တော့ ဆေးပညာဘလော့ကို အချိန်မရွေး ဖတ်လို့ရပြီ။
၃။ ဒီဆရာဝန် အလိုမရှိ။
၄။ အားလုံး နေကောင်းကြပြီ။
ဆေးသုတေသနအသစ်ထွက်ပြီး မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးရှိမှာကိုတော့ မမေးလည်း အသစ်ရေးပါတယ်။
ကျန်းမာရေး ဖြေစရာမရှိမှသာ မြန်မာစာ ရေးပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment