ခီမိုသာရာပီ နှင့် ကိုယ်ဝန်

ကုသမှုပြီးတာ ၁နှစ်ကျော်ပါပြီရှင့် သမီးသိချင်တာက ကင်ဆာဖြစ်ပြီးသားလူက ကိုယ်ဝန်ဆောင်လို့ရနိုင်သိချင်လို့ပါရှင့် ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆရာရှင့်

ကင်ဆာကုသနည်းတွေထဲမှာ Chemotherapy ခေါ် ကင်ဆာဆေးသွင်းရတာပါတယ်။ သုံးတဲ့ဆေးတချို့ကနေ မျိုးဗီဇကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ genetic changes (mutations or variants) လို့ ခေါ်တယ်။ အဲဒါကြောင့် ခီမိုသာရာပီယူပြီးနောက် အနည်းဆုံးတနှစ်စောင့်ပြီးမှသာ ကိုယ်ဝန်ဆောင်သင့်တယ်။

သမီးကိုယ်ဝန်ဆောင်ထားချိန်မှာဒီရောဂါဖြစ်တယ်လို့သိလိုက်ရတဲ့အတွက်ကုသရင်းကနေ ကလေးဆုံးရှုံးခဲ့ရဖူးပါတယ်ဆရာ။ အကယ်၍များ သမီးနောက်ထပ်ကိုယ်ဝန်ဆောင်ရင် ကလေးကတခြားကလေးတွေလိုမျိုးရော ဉာဏ်ရည် ဖွင့်ဖြိုးနိုင်ရဲ့လား သိချင်ပါတယ်ရှင့်။

ဆေးသုတေသနတွေကို ကိုးကားဖြေပါမယ်။

၁။ အထက်မှာ ဖြေထားပြီး။

၂။ ကိုယ်ဝန် ဒုတိယ ၃ လနဲ့ တတိယ ၃ လအတွင်း ခီမိုသာရာပီရယူသူတွေအတွက် သိပ်စိုးရိမ်စရာ မရှိ။

၃။ ဓါတ်ကင်ကုသမှုကိုတော့ ကလေးမွေးဖွားပြီးအထိ စောင့်သင့်တယ်။

၄။ ဆေးသုတေသနတွေကို ယူအက်စ်အေမှာသာ လုပ်ထားတယ်။ 

၅။ ဦးနှောက်တစုံတရာ ပုံမှန်မုတ်တဲ့ကလေးတွေနဲ့ ကင်ဆာကုသမှု သက်ဆိုင်းခြင်းမရှိတာတွေလည်း အများကြီးရှိတယ်။

၆။ မြန်မာပြည်သူတွေအတွက် ကံတရားလည်း ရှိတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ