မေးကြလွန်းလို့

မေးကြလွန်းလို့ ဘာညာဆိုတဲ့ ပို့စ်တွေ ခဏခဏတွေ့ရတယ်။ တကယ်ကို မေးကြလွန်းသလားတော့ မသိပါ။

ကျွန်တော် လွန်ခဲ့တဲ့ ၁၅ နှစ်ကနေ နေမကောင်းလို့မေးတာတွေကို ဖြေတယ်။ အစပိုင်းနှစ်တွေမှာ အတော်မေးကြပါတယ်။ တချို့ရက်တွေမှာ မေးခွန်း ၅၀ လောက်ထိလာတယ်။

အခု သိသိသာသာ နည်းသွားပြီ။ နေကောင်းနေကြပြီထင်တယ်။

ကင်ဆာမျိုးစုံလည်း မေးကြတယ်။ နေ့တိုင်း ဖြေရတယ်။

အခုသုံးနေရတဲ့ ဖေ့စ်ဘွတ်မှာတော့ ကင်ဆာမေးတာ မရှိသလောက် နည်းသွားတယ်။ ကင်ဆာပျောက်ကုန်ကြပြီ ထင်ပါတယ်။

အဲလိုပြောတာက တစိတ်တပိုင်းသာ မှန်တယ်။ အခုဖေ့စ်ဘွတ်အရင်က နှစ်ပေါင်းများစွာသုံနေတဲ့ဖေ့စ်ဘွတ်မှာ ကင်ဆာမေးခွန်းလာတယ်။ ကင်ဆာမေးခွန်းမလာလည်း ကင်ဆာနေရာ ၂ ခုကိုဖတ်ပြီး ကိုယ့်မပေးဘဲ ဖြေတယ်။

ကိုယ့်မမေးဘဲဖြေတာမှာ အဆစ်ပေးတာ များသွားတယ်။ 

ကင်ဆာနေရာတွေပှာ ပီ၊ ပါပီ၊ ဖစ်၊ တေ၊ မာ၊ ပြီး၊ ညမ၊ ကျယ်မ၊ အူး၊ ဝူး တွေ အများဆုံးဖတ်ရတယ်။

သတ်ပုံပါပြင်ပေးပြီး ဖြေမိတယ်။ ကင်ဆာဂရုကို တည်ထောင်သူတွေက သတ်ပုံပြင်ပေးတာ မကြိုက်ပါဆိုလို့ သွားမဖတ်တော့ပါ။ 

အခုတော့ ကင်ဆာဂရုတွေက ဆရာဝန်ကို ဘလော့ထားပြီလိုထင်ပါတယ်။

ကင်ဆာရောဂါသည်တွေနဲ့ ဆရာဝန် လမ်းခွဲလိုက်ရပါတယ်။

မြန်မာစာကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ