Cancer Posts ကင်ဆာဆိုရင် သတိနဲ့ဖတ်ပါလေ

ဆေးပညာ နောက်ဆုံးသုတေသန ကင်ဆာဖြစ်စေတဲ့ အစားအစာခုနှစ်မျိုး

၁။ အာလူးအကြွပ်ကြော်

၂။ အာလူးအချောင်းကြော်

၃။ ကော်ဖီမစ်ထုပ်

၄။ ပိုင်ကိတ်

၅။ အကင်များ

၆။ ကွမ်းသီး ဆေးမှိုမျာ

၇။ မြေပဲလျှော် မြေပဲပြုတ်

ဒီစာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အဲလို တယောက်ပြီးတယောက်က တင်နေတာတိုင်းဟာ အမှားတွေသာများတယ်။

ခုနစ်မျိုးကို ခုနှစ်မျိုးလို့လည်း မှားတယ်။ စာလုံးပေါင်းသတ်ပုံမမှန်ရင် အချက်အလက်ကိုလည်း သံသယရှိပါလို့ မကြာခဏထောက်ပြနေပါတယ်။

ကင်ဆာဖြစ်စေနိုင်တာကို ဆေးပညာမှာ ကာစီနိုဂျင် လို့ ခေါ်တယ်။ ဆေးသုတေသနတွေအရ ကာစီနိုင်ဂျင်ပေါင်း ရှိတယ်။ ဒါတောင် နောက်ဆုံးထွက်တဲ့သုတေသန မဟုတ်သေးဘူး။

Carcinogens ကာစီနိုဂျင် ၃ မျိုး

1. chemical carcinogens ဓါတုနှင့် ဇီဝကာစီနိုင်ဂျင်များ

2. physical carcinogens ရုပ်ဝတ္ထုနဲ့

3. oncogenic viruses ဗိုင်းရပ်စ်များ။

နောက်တမျိုးအုပ်စု ၃ စု

1. Radiation ဓါတ်ရောင်ခြည်သင့်ခြင်း

2. In prepared food ပြုပြင်စီမံထားသော အစားအသောက်များ

3. In cigarettes စီးကရက်များ။

Others အခြားအကြောင်းခံများ

1. Gasoline (contains aromatics) ဓါတ်ဆီ

2. Lead and its compounds ခဲနှင့် ဒြပ်ပေါင်းများ

3. Alkylating antineoplastic agents (e.g. mechlorethamine) ဓါတ်များ

4. Styrene စတိုင်ရင်း

5. Other alkylating agents (e.g. dimethyl sulfate) ဓါတ်များ

6. Ultraviolet radiation from the sun and UV lamps ခရမ်းလွန်ရောင်ခြည်

7. Alcohol (causing head and neck cancers) အယ်လ်ကိုဟော (အရက်)

8. Other ionizing radiation (X-rays, gamma rays, etc.) အခြားဓါတ်ရောင်ခြည်။

Foods that may increase your cancer risk အစားအသောက်အချို့ကလည်း ကင်ဆာဖြစ်မှာကို ပိုကောင်း ပိုစေနိုင်တယ်။

1. Processed meats ပြုပြင်စီမံထားသော အစားအသောက်များ

2. Fried foods ကြော်ထားသောအစားများ

3. Overcooked foods လိုတာထက ပိုပြီး ချက်ပြုတ်ထားသော အစာများ

4. Dairy နို့ထွက်အစားအစာများ

5. Sugar and refined carbohydrates သကြားနှင့် ပြုပြင်ထားသော ကာဘွန်ဟိုင်ဒရိတ်များ

6. Alcohol အရက်

အချုပ် -

1. ဆေးပညာနဲ့ ရောဂါတွေအကြောင်းဆိုရင် ဘယ်လိုဆေးပညာရှင်ကရေးသလဲ သိပါ။

2. မြန်မာပြည်မှာ ဘယ်အကြောင်းအရာကိုမဆို စသုတေသန ရှားတယ်။ သုတေသနနဲ့လေ့လာမှုမရှိဘဲ ပြောတာတိုင်းဟာ ရမ်းပြောတာသာဖြစ်တယ်။

3. မမှန်တာ လွဲမှားတာကို အဟုတ်ထင်သူမျိုးဟာ မှန်တာကို အမှားထင်တတ်တယ်။

4. နောက်ဆုံးရတို့၊ သေတတ်သည်တို့ ဆိုတဲ့ ဖြဲခြောက်တာတွေကလည်း မမှန်တာများတယ်။

5. စာလုံးပေါင်းသတ်ပုံတောင် မှန်အောင်မရေးတဲ့ တရားစာ၊ ဆေးစာ၊ ရသစာ၊ ကဗျာ၊ သုတစာ၊ သတင်းတွေက မှားတာများတယ်။

6. တယောက်ပြီးတယောက်က တင်နေတာဆိုရင် သံသယကြီးစွာထားပါ။

7. အထက်ကစာကို တင်နေသူတွေဟာ အာလူးနဲ့ မြေပဲစိုက်သူ၊ ရောင်းချသူတွေနဲ့ ရန်ဖြစ်ထားသူတွေလာ မသိပါ။

Carcinogens ကင်ဆာဖြစ်စေနိုင်သည်များ https://dr-tint-swe.blogspot.com/2021/12/carcinogens.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ