Cannabis (marijuana) in the body ဆေးခြောက်သုံးတာကို ဘယ်လောက်ကြာထိ စစ်ရင်တွေ့နိုင်သနည်း

ဆရာ ​မေးစရာ​လေးရှိလို့ပါဆရာ​ဆေး​ခြောက်အနံကိုနည်းနည်း​လေး ရှူမိယုံနဲ့ ​ဆေးစစ်ရင်​ဆေးကျနျုင်လားဆရာ ကျွန်​တော်ကပြည်ပထွက်မှာမို့ပါ မသုံးပါဘူးဆရာ အချိန်ဘယ်​လောက်ထိစစ်ရင်​ပေါ်နိုင်လဲဆရာ ​ဆေး​အောင်မြင်​အောင်​ရောဘာ​တွေလုပ်ရလဲဆရာ စာလုံး​ပေါင်းအမှာပါးရင်​ဆောရီးပါဆရာ

ဆေးခြောက်ထဲမှာ Tetrahydrocannabinol (THC) ခေါ် ဓါတ်ပါတာကို စစ်ရတယ်။ အလွယ်ဖြေရရင် သုံးစွဲပြီးနောက် ရက်ပေါင်းများစွာအထိ စစ်ရင်သိနိုင်တယ်။ အရက်က သိပ်မကြာခင်မှာ စစ်ရင် မတွေ့နိုင်တော့ပါ။

ဘယ်လောက်များများ သုံးစွဲထားသလဲ

သုံးစွဲသူရဲ့ကိုယ်ထဲမှာ အဆီများ မများ

မကြာခဏသုံးစွဲသူလား တခါတလေသာသုံးတဲ့သူလား

စစ်ဆေးနည်းတွေအပေါ်မှာ မူတည်တယ်။

ဆေးခြောက်စစ်နည်းအတွက် ဆီး၊ သွေး၊ ဆံပင်ကနေ စစ်တယ်။ တံတွေးကိုစစ်ရင် နာရီအနည်းငယ်မှာ သိနိုင်တယ်။

လေ့လာမှုတွေလုပ်တော့ 

ဆေးခြောက်ကို စသုံးသူ ၃ ရက်။

တပတ်မှာ ၃-၄ ကြိမ်သုံးသူ ၅-၇ ရက်။

နေ့တိုင်း တနေ့တခါသုံးသူ ရက် ၃၀ အနည်းဆုံး။

Urine tests ဆီးစစ်နည်း ၁-၃၀ ရက်အထိ။

Saliva tests တံတွေးစစ်နည်း ၂၄-၄၄ နာရီ။

Hair tests ဆံပင်စစ်နည်း ၉၀ ရက်။

Sweat tests ချွေးစစ်နည်း ၇-၁၄ ရက်။

Blood tests သွေးစစ်နည်း နာရီအနည်းငယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ