Capsaicin ငရုပ်သီးနဲ့ နွေရာသီ

သွေးပေါင်ကျတတ်သူများ ပူပြင်းသောရာသီတွင် အပူအစပ် များရှောင်ပါ

တင်ထားတာတခု ဖြစ်ပါတယ်။ ဟုတ်ပါရဲ့လား။

ငရုပ်သီးထဲမှာပါတဲ့ ဓါတ်ကို Capsaicin ကက်ပ်ဆေးဆင် လို့ခေါ်တယ်။ သုတေသနတွေ လုပ်ကြတယ်။ တခုက သွေးကြောတွေကို တင်းအားနည်းစေတယ်။ အဲဒါကြောင့် သွေးဖိအားကျမယ်။

နောက်လေ့လာမှုတခုအရက ပြောင်းပြန်။ သွေးကြောတွေကို ဖိအားသက်လို့ သွေးဖိအား တက်မယ်။

အခုလိုနွေရာသီမှာ ဆင်ခြင် အမှန်တွေကို နှစ်တိုင်းတင်ပြပါတယ်။ မဆိုင်တာကို ဟုတ်တယ်လို့ထင်မိရင် ဆိုင်တာကို မျက်ကွယ်ပြုရာကျတယ်။

Hot Places ပူတဲ့တိုင်းပြည်တွေမှာ https://dr-tint-swe.blogspot.com/2023/04/hot-places.html

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ https://dr-tint-swe.blogspot.com/2023/04/heat-stroke.html

Heat sensitivity သူများထက် အပူ မခံနိုင်ဖြစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/heat-sensitivity.html

Summer Time Infections နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ https://dr-tint-swe.blogspot.com/2023/03/summer-time-infections.html

မြန်မာပြည်မှာ အပူအစပ်ကို အတော်ပြောကြတယ်။ အများစားသုံးတဲ့ ဆိုဒီယမ် ခေါ် ဆားများတာကိုတော့ မသိချင်ယောင်ဆောင်ကြတယ်။ ဆားက ဘယ်သုတေသနဖြစ်ဖြစ် သွေးတိုးတက်စေတာ မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments