Doctor ဆရာဝန်ကို ဘယ်လိုခေါ်မလဲ

ဒေါက်တာ တင့်ဆွေ လို ခေါ်ရင် အမှန်လား။ ဒေါက်တာ လို့ ခေါ်ရင် ရလား ဒါမှမဟုတ် နာမည့်ထည့်ပြီး ဒေါက်တာ တင့်ဆွေလို့ ခေါ်ရင် ရိုင်းနေမလား ထင်မိလို့ပါ။

ဆရာဝန်ကို ‘ဒေါက်တာ’ လို့ခေါ်တာ မမှားပါ။ မရိုင်းပါ။ အင်္ဂလိပ်လို ‘ဖေါ်မယ်’ အသုံးဖြစ်ပါတယ်။ ရင်းနှီးမှုလည်း မရှိသူတွေက ခေါ်နိုင်ကြပါတယ်။

စကားပြောပွဲတွေမှာ ‘လူကြီးမင်းများခင်ဗျာ’၊ ‘လူကြီးမင်းများရှင့်’ လို့ သုံးကြတယ်။

လူချင်းမတွေ့ဘူးပေမဲ့ ဖေ့စ်ဘွတ်မှာ တယောက်အကြောင်းတယောက် ရင်းနှီးလာသူတွေကို ‘မဖြူ’၊ ‘ကိုနီ’ လို့ ခေါ်နိုင်ပါတယ်။

ယေဘုယျ ဆရာဝန်ကိုတော့ ‘ဆရာ’ အသုံးထက်ကောင်းတာ မရှိပါ။ ‘ဆရာကြီး’ ဆိုတာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ လေးစားလို့ခေါ်တာနဲ့ နှိမ်ခေါ်တာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။

အသက်ကြီးတိုင်း ‘ကြီး’ ထည့်ရမယ်ထင်တာ မမှန်ပါ။

ဆရာဝန်အချင်းချင်း ‘ဆရာ’ ‘ဆရာစိုးမြင့်’ လို့သာ ခေါ်ပါတယ်။ ဆေးရုံအုပ်ကိုတော့ ‘ဆရာကြီး’၊ ‘ဆေးရုံအုပ်ကြီး’ လို့ ခေါ်တယ်။

အမျိုးသမီးဆရာဝန်တွေကိုတော့ ‘ဆရာမ’ ထက် ‘ဒေါက်တာ’ လို့က ပိုသင့်မှန်တယ်။ ‘ဆရာဝန်မ’ ဆိုရင် ရိုင်းတယ်။

ဘုန်းတော်ကြီးတွေအတွက်က ထူးခြားတယ်။ ‘ဆရာတော’် သင့်မှန်တယ်။ ကျွန်တော်ကတော့ ရင်းနှီးတဲ့ ဘုန်းတော်ကြီးတွေကို တခါခါ ‘ကိုယ်တော်’ လို့ ရေးပါတယ်။ လူအများဖတ်တဲ့နေရာမှာတော့ ‘ဆရာတော်’ ‘အရှင်ဘုရား’ လို့သာ ရေးတယ်။

ရင်းနှီးတဲ့ ဘုန်းတော်ကြီးတွေကလည်း ‘ဆရာ’ ‘ဒကာကြီး’ ‘အာစရိ’ လို့ ပြန်ရေးပါတယ်။

ဆရာဝန်တွေမှာသုံးတဲ့ ‘ဒေါက်တာ’ ဆိုတာ ‘ပါရဂူဘွဲ့’ မဟုတ်ပါ။

အချုပ်ကတော့ မရင်းနှီးဘဲ ရင်းနှီးသလို မခေါ်သင့်။ အမျိုးတကယ်မတော်ဘဲ အမျိုးစပ် မခေါ်သင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ