Durian fruit and pregnancy ဒူးရင်းသီးနဲ့ ကိုယ်ဝန်ဆောင်

ဒူးရင်းသီးက ကလေးမွေးပီး(ပြီး) ဘယ်နှစ်လနေရင်စားလို့ရလဲ

ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ 

ဆေးသိပ္ပံသုတေသနတွေအရ ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးမစားရလို့ မရှိပါ။

တကယ်ဆော့ ဒူးရင်းသီးမှာ အာဟာရဓါတ်တွေကြွယ်ဝတယ်။ အသင့်အတင်စားရင် ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းတယ်။

ဒူးရင်းသီးမှာ သကြားဓါတ်များလို့ များများ မစားသင့်ပါ။ နည်းနည်း စားနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တဲ့ ဆီးချိုရှိသူတွေကတော့ ရှောင်သင့်တယ်။

နောက်အချက်တခုက ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးစားရင် အထဲကကလေးပိုထွားသလား။ အဲတာအတွက်လည်း ဆေးသိပ္ပံသုတေသန သက်သေခံချက် မရှိပါ။

မြန်မာပြည်မှာ ဘာဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း ထင်ရာဖြေကြတယ်။

စားစရာတခုခုမေးလို့ မစားနဲ့ဖြေသူတွေဟာ အဲဒီစားစရာရောင်းတဲ့ဆိုင်နဲ့ မတည့်သူတွေဖြစ်ကောင်း ဖြစ်နိုင်တယ်။

စားပါစားပါ များများစားပါဆိုသူတွေက အဲဒီစားစရာရောင်းတဲ့သူတွေလား မသိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ