Four Million လေးသန်းပြည့်ပြီ

ကျွန်တော့ Blog ဘလော့ဂ်ကို စာဖတ်တဲ့အကြိမ်အရေအတွက် လေးသန်းပြည့်သွားပြီ။ 

Total Pageviews လာရောက်ဖတ်ရှုသူများ 4,000,671

ကျွန်တော် ဒေလီမှာနေစဉ် ဘလော့ဂ်ပေါ်စလောက်ကတည်းက ရေးတယ်။ ရေးစကာလတွေမှာ အတော်လက်ဝင်တယ်။ စာတင်ရတာလည်းခက်၊ ပုံတင်ရတာလည်းခက်တယ်။ နောက်ပိုင်း လွယ်လာတယ်။ ယမုန်နာဆေးခန်း၊ နိုင်ငံရေးနဲ့ ကျန်းမာရေးစာတွေ ခွဲလုပ်ထားခဲ့တယ်။ နောက်တော့ တခုတည်းသာလုပ်လိုက်တယ်။ ကျန်းမာရေးစာတွေထဲက အသက် (၁၈) နှစ်ပြည့်မှဖတ်ပါဆိုပြီး ဘလော့ဂ် သပ်သပ် လုပ်ထားတယ်။ နောက်တော့ စည်းကမ်းမညီလို့ဆိုပြီး ဖျက်ရတယ်။

တခုတည်းလုပ်တဲ့ ဘလော့ခ်မှာ အဲတာတွေအကုန်ပြန်ရေးတင်တယ်။ အဲတာတော့ အဖျက်မခံရ။

ယူအက်စ်အေကိုပြောင်းတော့ အီးမေးလ်လိပ်စာကို မှတ်ပုံတင်ထပ်လုပ်ရတော့ အီးမေးလ်ကို သုံးမရဖြစ်သွားတာနဲ့ အီးမေးလ်နဲ့လုပ်ထားတဲ့ ဘလော့ဂ်ကို ပြင်မရ၊ တင်မရဖြစ်သွားရော။ ဘလော့ခ်အသစ်တခု လုပ်ရပြန်တယ်။ အဟောင်းမှာ စာဖတ်ကြိမ်အရေအတွက် 3,540,277 လို့ အခုစစ်ကြည့်တော့ တွေ့တယ်။ အဲတာလည်းဖတ်နေကြတယ်။ အခုတော့ အရင်အီးမေးလ်လည်းပြန်ရလို့ အဟောင်းမှာ ပြင်လို့ တင်လို့တော့ရပြီ။ အချိန်မရှိလို့ အဟောင်းကို ဘာမှမလုပ်နိုင်ပါ။

အခုပြောတဲ့ ဘလော့ဂ်တခုတည်းကိုသာ အာရုံစိုက်နိုင်တယ်။ အချိန်ပိုကုန်တာက ဖေ့စ်ဘွတ်။ လူများများ ဖတ်လို့ရအောင် ရိုးရိုးက (၂) ခုနဲ့ ပေ့ခ်ျတခုဆိုတော့ (၃) ခု။ ဘယ်တော့ တခုတည်းလုပ်ရမယ် မသိဘူး။ ဘယ်တော့ ဘာတခုမှ လုပ်မရတော့မလဲ မသိဘူး။

နမူနာ ပို့စ် တခု = Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) https://www.ygnnews.com/2014/03/pregnancy-signs.html

Myanmar News, Burmese News, ရန်ကုန် သတင်း, ကျန်းမာရေး ပို့စ်တင်ချိန် - 3/31/2014 06:03:00 PM

VOA Burmese ၀၈ ဧပြီ၊ ၂၀၁၂ နယူးဒေလီမြို့က ယမုန်နာဆေးခန်း https://burmese.voanews.com/a/blogger-apr08-2012-148435205/1417279.html

ယမုန်နာဆေးခန်းဘလော့ဂ် အခုတော့ ပျက်ပြီတဲ့။ ဘာလို့ ပျက်သလဲ မသိပါ။ ဖေ့စ်ဘွတ်၊ ဘလော့ဂ် အရာရာသည် ကိုယ့်လက်ထဲမှာ မရှိ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ 

ဒေါက်တာတင့်ဆွေ

၁၂-၄-၂ဝ၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ