HIV နဲ့ပတ်သတ်ပြီး ကာကွယ်ဆေးမြန်မာပြည်မှာ PrEP ရှိပါတယ်

ဆရာ ခင်ဗျာ HIV နဲ့ပတ်သတ်ပြီး ကာကွယ်ဆေးမြန်မာပြည်မှာ PrEP ဆိုတယ့် program ရှိပါတယ်ခင်ဗျာ လူတိုင်းကိုတော့မပေးပါဘူး၊ ကူးစက်နိုင်ခြေအများဆုံးရှိတယ့် လူ ဦးရေတန်းစားကို တိုက်‌‌ကျွေးခြင်းမျိုးပါ။ TDF/3TC တိုက်ပါတယ်ခင်ဗျာ Prevention program မှာ condom ဝေခြင်း၊ Rapid test kit နဲ့ သွေးစစ်ခြင်းများအပြင်၊ TDF/3TC တိုက်ကျွေးခြင်းလဲရှိပါတယ်ခင်ဗျာ။

ဟုတ်။ တစိတ်တပိုင်းသာ သိတယ်။ အများအကျိုးရှိစေမှာဖြစ်လို့ ဒီနေရာမှာ ရေးထားပေးပါဦး။ ဆရာ့ဖေ့စ်ဘွတ်အလုပ်လုပ်ချိန်မှာ ကူးယူတင်ပြပါမယ်။ ကျေးဇူး။

Global Fund ရဲ့အကူအညီနဲ့ project တွေ လုပ်ကိုင်နေတယ့် INGO/ NGO တွေ ရှိကြပါတယ်ခင်ဗျာ။ Alliance Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော HIV ကာကွယ်ရေးလုပ်ငန်းများတွင် ဘဝတူ ပညာပေးသူများအဖြစ် ပါဝင်လုပ်ဆောင်ပေးနေသည့် လက်ရှိ PrEP ဆေး သောက်သုံးနေသူများ ၏ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်။ (Alliance Myanmar မှလည်း ရန်ကုန် မန္တလေး နှင့် မော်လမြိုင် မြို့များတွင် ဦးတည်အုပ်စုဝင်များအတွက် PrEP ဆေး ရရှိရန် စတင်ဝန်ဆောင်မှုပေးနေပါသည်။)

ဟုတ် လင့်တွေကိုတော့ မသုံးပါ။

ဟုတ်ကဲ့ဆရာ ခင်ဗျာ။ ကျွန်တော်ရှင်းပြတာ လိုတာနဲ့အမှားပါတာရှိမှာစိုးရိမ်မိလို့ဆရာ၊ သက်ဆိုင်ရာ HIV program ကျွမ်းကျင်ပညာရှင်တွေဆို ပိုရှင်းပြနိုင်မယ် ထင်လို့ပါခင်ဗျာ။ ဆရာ နေကောင်း ကျန်းမာပါစေခင်ဗျာ။

ဒီလောက်ဆိုရင်လည်း အကျိုးရှိပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ