HIV မေးခွန်း

ဆရာ hiv နဲ့ပတ်သတ်ပီး(ပြီး) မေးချင်လို့ပါဆရာ။ ဆရာ blog မှာလဲဖတ်ပီးပါပီ။ window period အပြီး ၁၀၇ရက်မြောက်မှာ hiv test လုပ်တာ non reactive ပါဆရာ။ ဒီကြားထဲလဲ exposure မရှိပါဘူးဆရာ။ ၃လပြည့်စစ်တာမှာ hiv.b.c.vdrl non reactive ပါဆရာ။ အခုခြောက်လပြည့်ပီး(ပြီး) ဆေးစစ်ဖို့မလွယ်တဲ့နေရာရောက်နေလို့ပါဆရာ။ ၃လပြည့် non reactiveအဖြေက ပြောင်းလဲနိုင်ပါသလားဆရာ။ ဆရာ့ blog မှာ၃လပြည့်ပီး(ပြီး)စစ်လို့မတွေ့ရင် ကူးစက်ခံရခြင်းမရှိလို့ဖတ်မိပါတယ်ဆရာ။ ၆လပြည့်ပီး (ပြီး)ဆေးမစ -

သံသယရှိစရာနဲ့ တွေ့ပြီး ၆ ပတ်မှာစစ်တဲ့ HIV antibody-only tests စစ်နည်းအဖြေမှာ Nonreactive ပြခြင်းဟာ ကူးစက်ခြင်းမရှိလို့ ဆိုနိုင်တယ်။ ထပ်စစ်ရန် မလိုပါ။ 

၃ လပြည်ပြီးရင်တော့ စစ်သင့်တယ်။

၆ လအထိ Nonreactive စက်ခံရခြင်း မရှိတာ သေချာတယ်။

လေ့လာမှုတခုအရ သံသယရှိစရာနဲ့ တွေ့ပြီး ၃ လမှာစစ်တဲ့ HIV antibody-only tests စစ်နည်းအဖြေမှာ Nonreactive ပြခြင်းဟာ ယေဘုယျ မှန်တယ်။ ဒါပေမဲ့ ၁၀၀၀ မှာ ၃ ခုက အဖြေလွဲနိုင်တယ်။ 

မေးခွန်းက အီးမေးလ်ကနေလာတယ်။ အီးမေးလ် မရေးတတ်သူဖြစ်မယ်။ အီးမေးလ်မှာ အပေါ်က Subject အကြောင်းအရာနေရာမှာ စာကိုယ် မရေရပါ။ ရေးရင် စာတွေအကုန် မပေါ်ပါ။ အောက်မှာ ကြိုက်သလောက် ရေးလို့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ