Painkillers အနာသက်သာဆေးများ

ကုန်ခဲ့တဲ့ညပိုင်း အိမ်သာသွားမလို့ထတာ ဇက်ဘေးကအရမ်းနာပြီး ထမရဖြစ်တယ်ဆရာ လက်ထောက်ထလဲ လက်ထောက်တိုင်းလည်ပင်းနာတယ် နေ့လည်(နေ့လယ်)က နဲနဲကောင်းသွားပြီး အခုနဲနဲနာလာတယ်ဆရာ ညကတရေးနိုးမှဖြစ်တာ လူကူရတယ် အခု ဗိုတက်ဆေးလိမ်းထားတယ် ဘာဖြစ်တာလဲဆရာ ဖြေပေးပါဦး အိပ်ဖို့တောင်ကြောက်နေပြီ

မေးခွန်းပါလူနာ အသက် မသိ။ အကောင့်အမည်အရ အမျိုးသမီးလို့တော့ သိ။ အသက်မငယ်တော့သူတိုင်း ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် သွေးတိုးနဲ့ ဆီးချို သိရမယ်။ ကိုလက်စထောလည်း သိရမယ်။ အဆစ်နာရင် ယူရစ်အက်စစ် ပါ စစ်ရမယ်။

အနာသက်သာဆေးတွေထဲမှာ လိမ်းဆေးတွေက ဘေးထွက်သက်ရောက်မှု နည်းတယ်။ အမျိုးမျိုးရှိတယ်။

Painkillers (1) အနာသက်သာဆေးများ (၁) https://dr-tint-swe.blogspot.com/2021/05/painkillers-1.html

Painkillers (2) အနာသက်သာဆေးများ (၂) https://dr-tint-swe.blogspot.com/2021/05/painkillers-2.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ