Spondylosis ကျီးပေါင်းရောဂါ
၂ မျိုးရှိတယ်။ လည်ပင်းနဲ့ ခါး။ အဆစ်နာတိုင်းတော့ ကျီးပေါင်း မဟုတ်ပါ။ အဆစ်နာတိုင်းလည်း လေးဘက်နာ မဟုတ်ပါ။ စစ်ဆေးမှသာ ရောဂါအမည် သိမယ်။
ကျီးပေါင်းရောဂါလူနာတွေဟာ အသက် ၂၀-၂၉ ကြားမှာ ၃% သာရှိပြီး အသက် ၄၀ ကျော်ရင် ၈၀% ရှိတယ်။
အမျိုးသားတွေမှာ ၈၄% နဲ့ အမျိုးသမီးတွေမှာ ၇၄% ဖြစ်တာတွေ့ရတယ်။
ခါးကျီပေါင်းရောဂါဟာ ခါးဆစ်ရိုး T9-10 နဲ့ L3 levels မှာ အများဆုံးဖြစ်တယ်။
အသက် ၄၅-၆၄ နှစ် အမျိုးသားတွေ ၂၀% နဲ့ အမျိုးသမီး ၂၂% တို့ရဲ့ ခါးမှာ lumbar osteophytes တွေ တွေ့ရတယ်။
အသက် ၅၅-၆၄ နှစ် အမျိုးသားတွေ ၃၀% နဲ့ အမျိုးသမီး ၂၈% တို့ရဲ့ ခါးမှာ lumbar osteophytes တွေ တွေ့ရတယ်။
Pathogenesis ရောဂါဖြစ်စဉ်မှာ ၃ ဆင့်ရှိတယ်။
၁။ Dysfunction phase ကောင်းကောင်းအလုပ်မလုပ်နိုင်
၂။ Instability phase ပုံပန်းနဲ့ အလုပ်ပြောင်းသွားတော့ခြင်း၊
၃။ Stabilization phase မူမမှန်အတိုင်းမြဲသွားတော့ခြင်း။
Differential Diagnosis တခြားရောဂါတွေနဲ့ ခွဲခြားသိရမယ်။
• Rheumatoid arthritis လေးဘက်နာ
• Excessive exercise လေ့ကျင်ခန်းလွန်ကဲခြင်း
• Ankylosing Spondylitis ရောဂါ
• Coccyx Pain နာခြင်း
• Spinal Masses ရောဂါ
• Infection ပိုးဝင်ခြင်း
• Discitis ရောင်ခြင်း
• Lumbar Compression Fracture ကျိုးခြင်း
• Mechanical Low Back Pain မတော်တဆ ခါးနာခြင်း
• Overuse Injury လိုတာထက်ပို လုပ်မိရာကဖြစ်ခြင်း
Diagnostic Procedures ရောဂါ သေချာအောင်လုပ်ခြင်း
MRI, CT scan and X-ray ရိုက်ခြင်းများ
Medical Management ဆေးဖြင့် ကုသနည်းများ
- Non-surgical Management ခွဲစိတ်နည်းမဟုတ်သော ကုသနည်းများ
- Pharmacology in Pain Management အနာသက်သာဆေးများ
- Therapeutic Corticosteroid Injection ထိုးဆေး
- Lumbar Facet Joint Injections ထိုးဆေး
- Surgical Management ခွဲစိတ်ကုသနည်း
Cervical Spondylosis လည်ပင်း ကျီးပေါင်း https://dr-tint-swe.blogspot.com/2020/12/cervical-spondylosis.html
Spondylosis အရိုးကျီးပေါင်းတက်ခြင်း https://dr-tint-swe.blogspot.com/2021/09/spondylosis.html
Lumbar spondylosis ခါးရိုးကျီးပေါင်းတက်ခြင်း https://dr-tint-swe.blogspot.com/2021/06/lumbar-spondylosis.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment