TikTok တစ်တော့ Instagram အင်စတီဂရမ်

၁။ Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။

ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။ 

၂၀၂၃ ခုနှစ် ဧပြီလအထိ ယူအက်စ်အေမှာ ပြည်နယ်ပေါင်း ၅၀ ထဲက ၃၄ ပြည်နယ်မှာ TikTok တစ်တော့ သုံးခွင့် ပိတ်ပင်ထားပါတယ်။ လုံခြုံရေးအတွက်ဖြစ်တယ်။ လူတိုင်းကို ပိတ်တာတော့ မဟုတ်ပါ။ အစိုးရ အေဂျင်စီတွေ၊ အစိုးရဝန်ထမ်းတွေ၊ အစိုးရကွန်ထရိုက်ယူလုပ်သူတွေကို သုံးခွင့် မပေးပါ။ တခြားအရပ်သားတွေတော့ သုံးခွင့်ရှိတယ်။

၂။ Instagram ပဲကောင်းပါတယ်ဆရာ

နောက်ဆုံး သုတသနလေ့လာမှုတွေအရ Instagram အင်စတီဂရမ် သုံးနေသူ ၇ဝ့၄% တို့ဟာ ဓါတ်ပုံ၊ ဗီဒီယိုတွေအတွက် သုံးကြတယ်။ ကျွန်တော်က ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ဝါသနာမပါ။ တင်ပြနေတာတွေအတွက် အလွန်ဆုံးသုံးမှ တပုဒ်မှာ ရုပ်သေတပုံသာ သုံးတယ်။

ကောက်ချက်

ကျွန်တော် တင်ပြနေတဲ့ ကျန်းမာရေးစာတွေ၊ အမေးအဖြေတွေ၊ နိုင်ငံရေးအကြောင်းအရာတွေနဲ့ မြန်မာစာအပါအဝင် သုတစာတွေအတွက် TikTok တစ်တော့ရော Instagram အင်စတီဂရမ် မှာပါ တာမစားလောက်ပါ။ သုံးလို့တော့ ရပါမယ်။ စိတ်ပါဝင်စားသူဦးရေ နည်းမယ်ထင်ရတယ်။ 

ဖေ့စ်ဘွတ်ကို ရာသက်ပန်သုံးမရတော့ရင်တော့ လက်ရှိသုံးနေတဲ့ တယ်လီဂရမ်ကို ဆက်သုံးပါမယ်။

ဘလော့ဂ် ခေါ် ဝက်ဆိုက်လည်း ဆက်သုံးနေပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ