Whiskey ဝီစကီဆိုတာ

ပို့စ်တခု ဖတ်ရတယ်။ ဝီစကီထက် ၂၀% ပြင်းတာကို အရက်ပျံဟုခေါ်သည်၊

ဆေးရုံသုံးအရက်ပျံနဲ့ လူတွေ သောက်သုံးတဲ့ အရက် မတူပါ။ အရက်ပျံကို မသောက်ရပါ။ 

Whiskey ဝီစကီဆိုတာ ဘာလီနဲ့ ရိုင်းဂျုံ တခုခုကနေ ပြုလုပ်ထားတယ်။ အယ်လ်ကိုဟော အနည်းဆုံး 40% ABV ၄၀% ပါတယ်။ သြစတေးလျမှာ ၃၇% နဲ့ တောင်အာဖရိကမှာ ၄၃% ပါတယ်။

Alcohol (၃) မျိုးရှိတယ်။ isopropyl, methyl and ethyl alcohol တွေဖြစ်တယ်။ 

အရက်ပျံကို Rubbing alcohol လို့ခေါ်တယ်။ isopropyl alcohol (68-99% alcohol in water) ဖြစ်တယ်။  Isopropyl rubbing alcohol USP ဖြစ်တယ်။ 70% alcohol by volume (≈ 127º alcohol proof) of pure isopropyl alcohol ပါတာကို ခေါ်ပါတယ်။

အရင်ပျံကို သောက်မိရင်၊ ရှူမိရင် အဆိပ်သင့်တာဖြစ်စေနိုင်တယ်။ များရင် သေဆုံးနိုင်တယ်။ ဆေးရုံတခုမှာ အလုပ်သမားတယောက်က အရက်ပျံကို ဆားခတ်သောက်တာ သိပ်မကြာခင် ကွယ်လွန်တယ်။

Hand Sanitizer လက်ဆေးရည်ကတော့ အငွေ့ပျံလွယ်တယ်။ လက်ကနေတဆင့် ဝင်လည်း % အတော်နည်းပါမယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ