Wine ဝိုင်

ဆရာ ဝိုင်ကို ညအိပ်ခါနီးနည်းနည်းတွက်သောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြတယ်။ ကျမအသက် ၆၀ပါ။ ကျမသားကသောက်စေချင်တယ်၊ ကင်ဆာကိုကာကွယ်တယ်လို့ပြောတယ်။ ကျမကငါးပါးသီလအမြဲ​ေစောင့်တော့ ဒါဟာအပြစ်လို့ယူဆမိတယ်။ ကျမရဲ့အထင်ကမှန်ပါသလားရှင်၊ ဆရာ့ကိုမေးရတာအားနာမိပါတယ်။ ကျမဆေးရုံဆေးခန်းသွားနိုင်တဲ့အခြေအနေမရှိပါဘူး၊ ဆရာအဆင်ပြေရင်ဖြေပေးပါနော်၊ အားမှပါ။ ကျေးဇူးတင်ပါတယ်ရှင်။

အရက်အမျိုးမျိုးထဲမှာ အယ်လ်ကိုဟော ဘယ်လောက်ပါသလဲ -

• Pilsner ပေလ်စနာ = 3–6%

• Beers ဘီယာ = 3-10%

• Lager လက်ဂါဘီယာ = 4-5%

• IPA (Pale Ale) ပေးလ်-အေးလ် = 6-7%

• Sparkling Wine စပါကလင်-ဝိုင် = 8–12%

• Wine (general) ပုံမှန် ဝိုင် = 10–15%

• Madeira Wine မဒီရာ-ဝိုင် = 15-18%

• Bum Wine ဘမ်-ဝိုင် = 15-20%

• Port Wine ပို့တ်-ဝိုင် = 16-20%

• Fortified Wines ဝိုင်အပြင်း = 16–22%

• Sherry ရှယ်ရီ-ဝိုင် = 17–22%

• Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60%

• Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40%

• Neutral Grain Spirits ချက်အရက် = 95%

• Rectified Spirits မီးတောက်အရက် = 96%

ရာခိုင်နှုန်းတွေဟာ အယ်လ်ကိုဟောပါဝင်မှုကို ဖေါ်ပြတာဖြစ်တယ်။ ရာနှုန်းမများတာကို ခွက်ရေ များများ သောက်ရင်လည်း ရာနှုန်းများတာကို နည်းနည်းသောက်သလိုပဲမူးမယ်။ ဘယ်နာမည်ဖြစ်ဖြစ်၊ ဘာတံဆိပ်ဖြစ်ဖြစ်၊ ဘယ်တိုင်းပြည်ကနေလာလာ အယ်လ်ကိုဟောပါသမျှဟာ အရက်သာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ ဝိုင်အနီက နှလုံးအတွက်ကောင်းတယ်ဆိုပြီး ကြောငြာပါတယ်။ ဝိုင်စီးပွားရေးလုပ်ငန်းကြီးက ကြီးမားတယ်။

၂၀၂၀ ခုနှစ်က USD 339.53 billion တန်ဖိုးရှိခဲ့တယ်။

၂၀၂၁ ခုနှစ်မှာ USD 340.23 billion ရှိနိုင်တယ်။

အဲလိုချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက သူတို့ထုတ်ကုန်ဟာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကောင်းကြောင်း ဆရာဝန်တွေကို စာရေးခိုင်ပါတယ်။ သုတေသနဌာနတွေကို ပိုက်ဆံပေးတယ်။

ကင်ဆာကာကွယ်ဆေးဆိုတာ သားအိမ်ဝကာကွယ်ဆေးတခုသာ ရှိပါတယ်။ ဆေးလိပ်မသောက်ရင်လည်း အဆုတ်ကင်ဆာ အဖြစ်နည်းမယ်။

ကင်ဆာကာကွယ်တဲ့ အစားအသောက် မရှိပါ။ ကင်ဆာပျောက်စေတဲ့ အစားအသောက် မရှိပါ။

ဒါပေမဲ့ ဖြည့်စွက်စာတွေ ရောင်းကောင်းတယ်။ မြန်မာပြည်မှာ။

Wine feet ဝိုင်နဲ့ခြေထောက် https://dr-tint-swe.blogspot.com/2022/02/wine-feet.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ