World Death Rate ကမ္ဘာ့ သေဆုံးနှုန်း

ပြည်တွင်းမှာနေတဲ့ ဆေးကျောင်းအတူတက်တဲ့ သူငယ်ချင်းတယောက် ကွယ်လွန်ပါသတဲ့။ တခြား တိုင်းပြည်တခုမှာနေတဲ့ သူတို့မိတ်ဆွေတဦး ကင်ဆာနဲ့ကွယ်လွန်ကြောင်း တင်ထားတာလည်း ဖတ်ရတယ်။

မဖတ်ရ မသိရတဲ့သူတွေလည်း အတူတူရှိပါမယ်။

၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ ကလေးပေါင်း 134 million မွေးဖွားလာခဲ့တယ်။

၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ လူပေါင်း 61 million သေဆုံးခဲ့တယ်။

2024 World Death Rate ၂၀၂၄ ခုနှစ် သေဆုံးမှု ခန့်မှန်းချက်

တနေ့မှာ 166,859 ယောက် သေဆုံးနိုင်တယ်။

တနာရီမှာ 6,952 ယောက် သေဆုံးနိုင်တယ်။

တမိနစ်မှာ 116 ယောက် သေဆုံးနိုင်တယ်။

တစက္ကန့်မှာ 1.93 ယောက် သေဆုံးနိုင်တယ်။

တနေ့က ပြည်တွင်းမှာ သီတင်းသုံးနေတဲ့ ဦးလေးအရင်း သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်နဲ့ စကားပြောရတယ်။ 

တရားလုပ်၊ မေတ္တာပို့တဲ့။ မရဏဆိုတာ ဘုရားတောင် မလွန်ဆန်နိုင်ဘူးတဲ့။

တင်ပါ့ဘုရား။

မရဏ ဆိုသည်မှာ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ ပျောက်ကွယ်ပျက်ပြုန်း သေဆုံးကုန်ခန်းမှုသည် မရဏ မည်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ