Acyclovir ဆေး

အသက် ၅၃နှစ်(ကျား) ကျွန်တော်သည်လွန်ခဲ့သော ၄ရက်ခန့်​ကဖျား၊ လည်ချောင်းနာ၊ ယာနှုတ်ခမ်းတွင်ရေယုံံအရည်ကြည်ဖုများထွက်လာပါသည်။ ယင်းအဖုများကွဲသောအခါ လက်ဖြင့်သုတ်မိပါသည်။ နားအူနေ၍ မသန့်ရှင်းသောလက်ဖြင့် နားဂွမ်းလိမ်ကို နားအတွင်းသို့ထည့်လှည့်မိသွားခဲ့ပါသည်။ ထိခိုက်မှုမရှိခဲ့ပါ။ နောက်တရက်ညတွင် ကျွန်တော်၏နားသည်ပိုအူလာပြီး အနည်းငယ်နာကျင်သလိုဖြစ်ကာ အရည်အနည်းငယ် စီးထွက်လာပါသည်။ ထိုအရည်များတွင်​​​ သွေးစအနည်းငယ်ပါလာပါသည်။ နားထဲမှအရည်များသည် အမြဲတစေထွက်နေခြင်းမဟုတ်ပါ။ နားအဝတွင်စိုလာသည့်အခါ ဝါဂွမ်းဖြင့်တို့ကြည့်က သွေးစကလေးများပါလာတက်ပါသည်ဆရာ။ နှုတ်ခမ်းရေယုံသည် နားအတွင်းပိုင်းသို့ကူးစက်ခြင်းဆိုက မည်သို့ဆောင်ရွက်သင့်ကြောင်းလမ်းညွှန်ပေးပါဆရာ။

Acyclovir ဆေး

• Acyclovir ဆေးကနေ ဗိုင်းရပ်စ်ကိုမသေစေပါ။ ဒါပေမဲ့တိုးပွါးလာမှာကိုတားပေးပါမယ်။ ရောဂါလက္ခဏာကိုလဲ သက်သာစေမယ်။ Genital herpes လိင်လမ်းရေယုံ၊ Cold sores နှုပ်ခမ်းရေယုံ၊ Shingles ရှင်ဂဲလ် နဲ့ Chicken pox ရေကျောက်ရောဂါတွေကို ပေးတယ်။

• ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတာနဲ့ တုပ်ကွေးကိုတော့ မပေးပါ။

• ရောဂါလက္ခဏာတွေဖြစ်တဲ့ နာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ အပူဖူးပေါက်တာတွေ စဖြစ်ကတည်းက ဆေးစသောက်ရမယ်။ ဆေးသောက်နေချိန်မှာလဲ သူများကိုကူးစက်နိုင်တာသတိထားပါ။ အနာနေရာကို မထိစေပါနဲ့။ မျက်စိနဲ့မထိပါစေနဲ့။ လက်ကိုမကြာခဏဆေးကြောပါ။

• ဒီဆေးကို ကိုယ်ဝန်အတွက် FDA pregnancy category B လို့သတ်မှတ်ထားလို့ အကျိုးကပိုတာဆိုရင် ပေးနိုင်တယ်။

• ဆေးကို အစာနဲ့နီးရင်ပိုသင့်တယ်။ အစာမရှိလဲ သောက်နိုင်ပါတယ်။

• အနာနေရာကို ခြောက်သွေ့နေစေပါ။ အဝတ်အစား တင်းကျပ်မနေစေပါနဲ့။

• Genital herpes လိင်လမ်းရေယုံဖြစ်နေချိန်မှာ အတူမနေပါနဲ့။ (ကွန်ဒွမ်) သုံးလို့တော့ရပါတယ်။

• ဆီးနည်းလာရင် သတိထားပါ။ ရေသောက်မနည်းစေပါနဲ့။

• ဆေးသောက်နေချိန်မှာ သွေးထွက်လွယ်တတ်တယ်။ အားယုတ်တာခံစားရနိုင်တယ်။ တချို့မှာ ပျို့-အန်တတ်တယ်။ ဝမ်းလျောနိုင်တယ်။ အစားပျက်၊ ဗိုက်အောင့်တတ်တယ်။ ခေါင်းကိုက်၊ ခြေလက်ရောင်နိုင်တယ်။

ဆေးဘယ်လိုပေးမလဲ

• Herpes Simplex ရိုးရိုးရေယုံ = Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅-၁ဝ ရက်။ ပြန်ဖြစ်ရင် 400mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ ပိုးကိုနှိမ်ထားဘို့အတွက် Acyclovir 200 mg တနေ့ ၁-၂ ကြိမ်၊ ရက်အကြာကြီးသောက်ပါ။

• Shingles (Herpes Zoster) အပူလောင်သလိုအဖူးတွေအများကြီး ကိုယ်ခန္ဓာမှာဖြစ်တာ = Acyclovir 800mg တနေ့ ၅ ကြိမ်၊ ၇-၁ဝ ရက်။

• Chickenpox (Varicella Zoster) ရေကျောက် = Acyclovir 800 mg  တနေ့ ၄ ကြိမ်၊ ၅ ရက်။

ရိုးရိုး ရေယုံ https://dr-tint-swe.blogspot.com/2021/01/herpes-simplex.html

Herpes labialis နှုတ်ခမ်းရေယုံ https://dr-tint-swe.blogspot.com/2020/12/herpes-labialis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ