သရက်သီး မေးခွန်း

ဆရာရေ ကျွန်တော်က ရင်ကွဲသီးမှည့်မှည့်လေးဆို အရမ်းကြိုက်ပါတယ်၊ဆီးချို သွေးတိုး ရှိနေသူမို့ ရဲရဲတင်းတင်း မစားဝံ့ပါ စိန်တလုံးနှင့်ရင်ကွဲ မျိုးကွဲသရက်တွေမို့ မတူအချို ခြားနားခြင်းများ ရှိနေနိုင်မလား ဆရာ။ လေးစားစွာဖြင့်

ဆရာဝန်ကတော့ ဆေးသုတေသနအရသာ ဖြေပါတယ်။ မြန်မာပြည်မှာ သုတေသနတွေမလုပ်တာ ကြာပြီ။ ရမ်းဖြေတွေကတော့ ကင်ဆာနေရာတွေမှာ အများဆုံးဘဲ။ ကိုဗစ်တုန်းကလည်း ရမ်းဖြေတွေ တမာရွက်ကနေ အရက်ထိပါတယ်။

လိုက်ခ် တွေကလည်း များသလားမမေးနဲ့။ ရောင်းလို့လည်း မလောက်တဲ့။

ကျွန်တော်တို့လူမျိုးက ရွေးစေ့လောက်၊ ဆီးစေ့လာက်၊ ဂုံညင်းလောက်နဲ့လို့ ပြောကြတယ်။ မေးခွန်းကို အဲလိုဘဲ ခပ်ရမ်းရမ်းလေဖြေရရင် သရက်သီး ပိုချိုလေ အချိုဓါတ်များလေလို့သာ ယူဆပေတော့။ သရက်သီး သူငယ်စာအရွယ်နဲ့ ဆင်ခေါင်းအရွယ်ကိုလည်း ခွဲခြားပေတော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ