သားအိမ်သန့်ဆေးဆိုတာ မရှိ

အသက် ၃၀ အိမ်ထောင်သက် ၅ လ ကိုယ်ဝန် ၆ပတ် နှင့် ပျက်ကျထားပါသည် ပျက်ကျပြီးချိန် ၁ လရှိပါပြီး ယခုချိန်ထိ ရာသီမလာသေးပါ ဘယ်ချိန်လောက်မှ ရာသီသွေး ပြန်လာပါသလဲဆရာ ခလေးကို ချက်ချင်းပြန်ယူဖို့ အစဉ်အစဉ် လုပ်ထားပါတယ်ဆရာ ဘယ်ချိန်လောက်ကစ ပြန်ယူလို့ရပါလဲဆရာရှင့် 

ပျက်ကစဉ်က သားအိမ်ခြင် မခြစ် မသိ။ တားဆေး တားနည်း မသိ။ ဆရာဝန်က မတားသူ နောက်ကိုယ်ဝန်ထပ်ယူနိုင်။ တကြိမ်ပျက်ဖူးသူ ပိုဂရုစိုက်ရ။

ပြန်ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ သားအိမ်မခြစ်ရပါဘူးဆရာ ပိုသေချာအောင်တော့ သားအိမ်သန့်ဆေး တပါတ်သောက်လိုက်ပါတယ်ဆရာ တားဆေးကို လုံးဝ မသုံးပါဆရာ ရာသီသွေး မလာတော့စိုရိမ်လို့ပါ (ကတော့ပါ ဆရာ)

ကန်တော့လို့ ရေးရ။

သားအိမ်သန့်ဆေး ဆိုတာ မရှိ။

အသားဖြူဆေး မရှိ။

အရပ်ရှည်ဆေး မရှိ။

၁၆ နှစ်သမီး ပြန်ဖြစ်ဆေး မရှိ။ (ကန်တော့)

သို့သော် မြန်မာ့ဆေးဈေးကွက်မှာ အကုန်ရှိ။

ဒေါက်တာတင့်ဆွေ

၁၇-၅-၂၀၁၉

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ