အိုးတလုံး

ပုံတွေ့လို့ ရေးပါတယ်။ ပခုက္ကူနဲ့ မကွေးတို့က မုံရွာထက် သာတယ်။ မုံရွာမှာ အိုးတလုံးရပ်ကွက်လို့သာရှိတယ်။ ပုံအတွက် ကျေးဇူး။

မုံရွာက အိုးတလုံးရပ်ကွက်အမည်ကို ပြောင်းလိုက်ပြီလား မသိ။ အိုးတစ်လုံး လို့ပြောင်းတာတော့ မဟုတ်ပါ။ ဟိုအရင်က အနာကြီးရောဂါသည်တွေထားခဲ့တဲ့အရပ်ဖြစ်လို့ အမည်ပြောင်းတာဖြစ်နိုင်တယ်။

အခုတော့ အနာကြီးရောဂါအတော်နည်းလာပါပြီ။

စာရင်းတွေအရ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကတော့ လူတသိန်းမှာ လက်ပရိုစီရောဂါ တွေ့ရှိရသူဦးရေ ၁၀ ယောက်ထက် နည်းသွားပြီလို့ သိရတယ်။ 

မြန်မာပြည်မှာ ၂၀၀၃ ခုနှစ်ကတည်းက အနာကြီးရောဂါကင်ရှင်းတဲ့စာရင်းထဲပါတယ်။ မှတ်ပုံတင်ထားတဲ့ လူနာသစ်ပေါင်း 222,209 အထိ ကျဆင်းပါတယ်။ 67% ကျဆင်းတာဖြစ်တယ်။ 

ဒါပေမဲ့ ၂၀၂၀ ခုနှစ်တုန်းက လူနာသစ် 1,877 ယောက်နဲ့ ၂၀၂၁ မှာ 600 ယောက်တွေ့သေးတယ်။ အဲလိုဖြစ်ရတဲ့အကြောင်းခံတွေက ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်တယ်။

ဆိုးဝါးသောနိုင်ငံရေးသည် ကူးစက်ရောဂါတွေကို ဆိုးစေ၏။

ကူးစက်ရောဂါတွေ ကျဆင်းပါစေသတည်။

နိုင်ငံရေးဆိုးအောင်လုပ်သူတွေ ကျဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ