ထိခိုက်ဒဏ်ရာ

ဆရာခင်ဗျ ကျနော် ယောက်ျားလေး အသက် ၃၀ ပါငယ်ငယ်က ညာဘက် လက်ကောက်ဝတ်နောက်ကို လန်ပြီး ဒဏ်ဖြစ်ထားဖူးပါတယ် နှစ်ကတော့ တော်တော်ကြာပါပြီ အရင်က အက်သည်(အဲဒီ)ဒဏ်က တော်တော်ကြာမှ တခါလောက်ပဲ ပြန်ပေါ်ပါတယ် ဒဏ်ပြန်ပေါ်လာရင် လက်ကောက်ဝတ်က နာပြီး လက်ထောက်လို့မရပါဘူး တိုက်ဂါးဘမ်း ကပ်လိုက်ရင်တော့ သက်သာသွားပါတယ် အခုနောက်ပိုင်း ကွန်ပျူတာနဲ့ အချိန်အကြာကြီးလုပ်ရတော့ လက်ကောက်ဝတ်က အမြဲလိုလို နာပြီး ထောက်လို့မရတော့ဘူး ဖြစ်နေပါတယ် တခါတခါ ထဖြစ်ရင်တော်နော်လေး နာကျင်ပါတယ် အက်သည်(အဲဒီ)လို ဒဏ်ဖြစ်တာမျိုးက ပျောက်ကင်းအောင် ကုသလို့ရပါသလားခင်ဗျာ ဘယ်လို ဆေးခန်းမျိုးပြသရမလဲဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ

အရိုးအဆစ်တွေ ထိခိုက်မိရင် ကျိုးသလား လွဲချော်သလား ဓါတ်မှန်နဲ့ စစ်ဆေးရမယ်။

အရိုးအဆစ်တွေ ထိခိုက်မိတာက ကြာလေ ပြန်ပြင်ရခက်ခဲလေ။ ဖြစ်နေတဲ့အတိုင်း အသားကျလေဖြစ်တယ်။

ဒဏ်ရာမှန်သမျှ ကြာလေကောင်းလေ။ တခါတခါ နာတာကိုက်တာ ဖြစ်တယ်။

အနာအကိုက်သက်သာဆေးတမျိုးမျိုး လိမ်းဆေး၊ စားဆေး၊ ထိုးဆေး၊ ကပ်ခွါဆေး သုံးရနိုင်တယ်။

မိမွေးတိုင်းလို ပြန်ကောင်းတာတော့ ရှားတယ်။

စာရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ