ပြင်ဆင်ရန်လိုသည်များ

၁။ ကြောက်တရားသွပ်သွင်း​ပေးခြင်း

သွတ်သွင်းပေးခြင်းလို့ ရေးရ။

၂။ မသိတဲ့သူခတ်များများ

ခပ်များများလို့ ရေးရ။

၃။ အဲဒါတွေကို အချို မပါဘူးဆိုပြီး အလွန်အကျွံ စားနေရင် ဆီးချို ဖြစ်မှာပါ

မဟုတ်ပါ။ အချိုတွေစားလွန်းလို့ ဆီးချိုဖြစ်တာ မဟုတ်ပါ။ 

ယေဘုယျပြောရရင် တခုခုစားတိုင်း တက်လာတဲ့သကြားဓါတ်ကို ပုံမှန်သာဖြစ်နေအောင် ထိန်းတဲ့ အင်စူလင်ဓါတ် မရလို့၊ မနိုင်လို့သာ ဆီးချိုဖြစ်ပါတယ်။

ဆီးချိုရှိနေသူတွေကသာ အချိုကိုထိန်းစားရတယ်။

သွေးထဲကသကြားဓါတ်ပမာဏဟာ အစိမ်ရောင်နယ်မြမှာရှိသူ ဆီးချို မရှိ။ အဝါရောင်ထဲရောက်နေရင် အချိုလျှော့စား။ အနီရောင်ဆိုရင် အချိုလျှော့စား၊ ဆေးသောက်ရတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရတယ်။ တချို့ ထိုးဆေးပါလိုတယ်။ တချို့ ထိုးဆေး တနေ့ ၂-၃-၄ ကြိမ်လိုတယ်။

ဆီးချိုမရှိသူ အချိုပုံမှန်စားနိုင်တယ်။

ပြင်ပေးတာကို သဘောမကျပါက ပြင်တာကို ဖျက်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ