Doctors’ View ဆရာဝန်လိုသာပြောပါရစေ

(ကန်တော့)

ဆရာခင်ဗျား ကျွန်တော် အလွတ်သတင်းထောက်တယောက်ပါ။ ခု အင်တာနက်မှာပြန့်နေတဲ့ ၁၃ နှစ်သမီး သတင်းအကြောင်း မှတ်ချက်လေး ကြားချင်လို့ပါ ဆရာ။ ၁၃ နှစ်အရွယ် ကောင်မလေးတယောက်ဟာ အလိုမတူပဲ အဓမ္မ ပြုကျင့်ခံရတာကနေ ကိုယ်ဝန်ရသွားတယ်။ ပရဟိတ သမားတစ်ယောက်(တယောက်) က ဒီကိုယ်ဝန်ကို မွေးပါ။ သူ စောင့်ရှောက်ပေးမယ်လို့ ဆိုတယ်။ တစ်ချို့(တချို့) က ဒါဟာ ၁၃ နှစ် ကလေးမလေးကို မနိုင်ဝန်ထမ်းခိုင်းတာပဲ။ နဂိုလ်(နဂို) ကတည်းက မိဘက မရှိဆင်းရဲ မစောင့်ရှောက်နိုင်လို့ အဓမ္မကျင့်ခံရတာ။ မွေးလာတဲ့ ဒီကလေးကို ကလေးအချင်းချင်း ဘယ်လို စောင့်ရှောက်ကြမလဲ၊ စသဖြင့်ပေါ့။ အနာဂတ်အတွက် ရည်မျှော်ပြီး စိတ်ပူကြတယ်။ ဖျက်ချသင့်တယ်ပေါ့ ဆရာရယ်။ တစ်ချို့(တချို့) ကလဲ ဥပဒေအရရော လူသားကျင့်ဝတ်အရပါ မွေးသင့်တယ်လို့ ဆိုကြတယ်။ ဆရာရော ဘယ်လို သုံးသပ်ပါမလဲ။ အကြံပြုချင်ပါသလဲခင်ဗျာ။ ဖြေဖြစ်မယ်ဆိုရင် အဖြေကို ဆောင်းပါးထဲ ထည့်သုံးခွင့်ပြုပါ ခင်ဗျာ။ လေးစားစွာဖြင့်။

အမှုကို ဥပဒေအရအရေးယူတာ ပြောရန်မရှိ။ ကိုယ်ဝန်ဖျက်တာ မြန်မာပြည်မှာ ဥပဒေအရလုပ်ခွင့်မရှိ။ တချို့ ထူးခြားတဲ့အခြေအနေတွေအတွက် ကိုယ်ဝန်ဖျက်ခွင့် ဘုတ်အဖွဲ့တင်လို့ရ။ လူမှုရေးဆိုတာ တယောက်တမျိုးပြောကြတယ်။ 

ဆရာဝန်အနေနဲ့ လူမှုရေးမှာ ဝင်ပြောရန်မရှိ။ ဆေးပညာအရ ဖျက်တာရော ဆက်ယူစေတာမှာပါ သတိထားစရာတွေ ရှိတယ်။ အသက်ငယ်ငယ်ကိုယ်ဝန်လွယ်စာတပုဒ် ရေးထားတယ်။ ကိုယ်ဝန်ဖျက်ခြင်းနောက်ဆက်တွဲများလည်း ရေးထားတယ်။

Teenage pregnancy အသက်ငယ်ငယ် ကိုယ်ဝန်လွယ် http://doctortintswe.blogspot.com/2014/11/teenage-pregnancy.html

Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ http://doctortintswe.blogspot.com/2015/01/abortion-complications.html

မျိုးပွါးလမ်းနဲ့ဆိုင်တဲ့ လူမှုရေးကိစ္စအတော်များများကို လူမသိသူမသိ ဖြေရှင်းရတတ်တယ်။ အခုအမှုက လူသိရှင်ကြား ဖြစ်နေပုံရတယ်။ ကျွန်တော်တော့ အခုမှသာသိပါတယ်။ ပါးစပ်သာစိုက်ရတဲ့ ကွန်မင့်ပေးသူတွေ၊ အကြံပြုသူတွေ၊ ဆွေးနွေးသူတွေဟာ လက်ငင်းဒုက္ခနဲ့ နောင်ဒုက္ခတွေကို ကူညီရာကျသင့်တယ်။ တတ်တိုင်း၊ သိတိုင်း၊ ထင်တိုင်း ပြောတာတော့ မသင့်လို့ ယူဆပါတယ်။ သူများတိုင်းပြည်တွေကနမူနာတွေနဲ့ယှဉ်ပြောတာလည်း မသင့်လို့ထင်တယ်။ ကိုယ့်တိုင်းပြည်ယဉ်ကျေးမှုနဲ့ တရားဥပဒေအရသာ အသင့်မှန်ဆုံးအဖြေရှာသင့်တယ်လို့ထင်ပါတယ်။ အကောင်းဆုံးဆိုတာ မရှိပါ။ 

ဒေါက်တာတင့်ဆွေ

၁၇-၅-၂၀၁၇

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ