Humidity စိုထိုင်းဆ

ဆရာ ရေထည့်တဲ့ air cooler ရေငွေ့က  သုံးရင် အဆုတ်ထဲရေဝင်တယ်ဆိုတာဟုတ်ပါသလား

အဆုတ်ထဲ ရေဝင်တယ်လို့ ပြောမရပါ။ Pleural effusion ခေါ် အဆုတ်ဖုံးအိတ်ထဲ ရေအောင်းတာက ရောဂါ။ တီဘီကြောင့်ဖြစ်စေ အဆုတ်ကင်ဆာကြောင့်ဖြစ်ရေ ဖြစ်နိုင်တယ်။

လူတွေအသက်ရှူကြတဲ့လေးထံမှာ ရေငွေ့ဓါတ် အမြဲပါတယ်။ အနည်းအများ မတူပါ။ Humidity ခေါ်တယ်။ တနေရာနဲ့တနေရာ၊ တနေရာတည်းမှာလည်း် တချ်ိနဲ့တချိန် မတူပါ။ ရာသီဥတုအရေ အမြဲလိုလိုပြောင်းနေတယ်။

ဥပမာ နွေရာသီမှာ humidity စိုထိုင်းဆများတဲ့အခါ အသက်ရှူလမ်းလေးတွေ ရောင်စေနိုင်တယ်။ ချောင်းဆိုး၊ ရင်ကျပ်ဖြစ်နိုင်တယ်။

အထူးသခြင့် ပန်းနာနဲ့ COPD ရောဂါအခံရှိသူတွေအတွက် မသင့်ပါ။

humidity 30% နဲ့ 50% ကြားမှာရှိနေတာ ကောင်းတယ်။

နည်းပြန်ရင်လည်း အရေပြားတွေ ခြောက်စေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ