Hypoechoic solid mass ဆိုတာဘာလဲ

ရိုသေစွာမေးအပ်ပါတယ် ဆရာရှင့်။ အသက်  ၃၃၊ ကလေး တယောက်အမေပါ။ ရင်သားမှာအကြိတ်(အကျိတ်)တွေ့လို့ ပါ။ ဆေးခန်းပြ Ult ရိုက်တော့ hypoechoic solid လို့ပြောပါတယ် နောက်လ ခွဲပြီးအသားစစစ်မှာပါ အဲဒါဆို ကင်ဆာဖြစ်ဖို့ရာခိုင်နူန်း များပါသလားရှင့်။

Hypoechoic solid mass ဆိုတာ အာထွာဆောင်းရိုက်စစ်လို့ တွေ့ရှိချက်တခုဖြစ်တယ်။ ပုံမှန် တစ်ရှူးတွေထက် ပိုပြီးသိပ်သည်းနေတာ။ အသံလှိုင်းကို တုန့်ပြန်မှု နည်းနေတာ။ အရောင်ပိုမည်းနေတာ။

Cysts ခေါ်အရည်ရှိတဲ့အိတ်လိုဟာလည်း ဖြစ်တယ်။

အများအားဖြင့် ကင်ဆာ မဟုတ်ပါ။

ဆက်စစ်စရာတွေ လိုနိုင်တယ်။ 

လေ့လာမှုတခုအရ 0.4% သာ ကင်ဆာဖြစ်နေတာတွေ့ရတယ်။

ကလေး တယောက်အမေလို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ