Palmar erythema လက်ဖဝါးဖြေဝါး နီမြန်းနေခြင်း

ဆရာရှင့် ကျမညီမရဲ့ခြေထောက်အရေပြားမှာ အနီပြင်တွေဖြစ်နေပါတယ်ရှင် အပိမ့်လဲမဟုတ်ဘဲဖြစ်နေတာပါရှင် အသက် ၅၄နှစ် အိမ်ထောင်သည်ပါရှင် ပုံလေးပြပါရစေရှင် ခြေထောက်မှာဖြစ်တာမို့ မရိုသေသလိုဖြစ်မှာစိုးလို့တောင်းပန်ပါတယ်ရှင် အရေပြးဆရာဝန်များနှင်ပြတာလည်း မပျောက်ဘဲမထူးခြားလို့ပါဆရာ

ဘယ်လောက်ကြာ။ ဘယ်လိုခံစား။ သွေးတိုး ဆီးချို သိပါသလား။ ဆရာဝန်ပြဘူးသလား။

ရက် ၂၀လောက်ရှိပြီတဲ့ဆရာ ဆီးချိုမရှိပေမဲ့ သွေးတိုးအပျော့စားလောက်တော့ရှိပါတယ်ဆရာ ဆရာဝန်ပြတော့ ဆပ်ပြာနဲ့မတည့်တာလို့ကောက်ချက်ချပါတယ် ဆေးတွေပေးတာသောက်ပေမဲ့ သိသိသာသာ မပျောက်လို့ပါဆရာရှင့် အခုလက်ဖဝါးတွေပါထပ်ဖြစ်တယ်တဲ့ဆရာ

အရေပြားအတွင်းထဲမှာရှိတဲ့ သွေးလွှတ်ကြောသေးသေးလေးတွေ ရှိသင့်တာထက် ပိုကျယ်နေလို့ဖြစ်တယ်။ မနာ မယားပါ။ အကြောင်းခံအမျိုးမျိုးရှိတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်အရဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်။ 

ကိုယ်ဝန်ဆောင်ချိန် ၃၀% လောက်မှာ တွေ့ရတယ်။ Estrogen အီစထိုဂျင်ဟော်မုန်း တက်လာလို့။ ယာယီသာဖြစ်မယ်။

သွေးဆုံးချိန်မှာလည်း ဖြစ်နိုင်တယ်။

တချို့မှာ မျိုးဗီဇအရဖြစ်ကြတယ်။ တချို့ အကြောင်းခံ ရှာမတွေ့ရ။

ရောဂါအခံတွေအရလည်း ဖြစ်နိုင်တယ်။

Cirrhosis အသဲခြောက်ခြင်း၊ (အသဲခြောက်သူ ၂၃% မှာတွေ့ရတယ်)

Hemochromatosis သွေးရောဂါတမျိုး၊

Wilson disease ရောဂါ။

Drinking alcohol အရက်ကြောင့်လည်း ဖြစ်နိုင်တယ်။

Side effect ဆေးတချို့ရဲ့ ဘေးထွက်သက်ရောက်မှု။

Thyrotoxicosis လည်ပင်းကြီးဟော်မုန်းများခြင်း။

autoimmune conditions ရောဂါ၊

rheumatoid arthritis (RA) ရောဂါ၊ 

HIV ပိုး။

Diabetes ဆီးချို၊

hepatitis C အသဲရောင်စီ။

smoking ဆေးလိပ်။

metastatic brain cancer ရင်သားကင်ဆာ။

chronic obstructive pulmonary disease (COPD) အသက်ရှူလမ်းရောဂါ။

congenital syphilis ဆစ်ဖလစ်၊

poisoning အဆပ်သင့်ခြင်း။

hepatopulmonary hypertension ရောဂါ။

Kawasaki disease ရောဂါ။

အကြောင်းခံရှိရင် ကုသရမယ်။ ဒီလိုဖြစ်တာအတွက် သီးသန့်ကုသနည်း မရှိပါ။ 

စိုးရိမ်စရာလည်း မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ