PUO အဖျား

မဂ်လာပါဆရာ ကလေးက ၁နှစ်ပါ အဖျားက ၁၀၁ ပါ ပိုးသတ်ဆေးနဲ့ အဖျားပျောက်ဆေး တိုက်ထားလည်း အဖျားကလုံး၀မကျပါဆရာ ရေပတ်တိုက်လည်း ခဏပါ ၁၀၁ပါဘဲ အဲတာ ကလေးအတွက်စိုးရိမ်ရပါသလားဆရာ ၁၀၁က သမီးကိုပြန်ဖြေကြားပေးပါနော်ဆရာ

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://dr-tint-swe.blogspot.com/2021/05/fever-first-aid.html

Medicines for kids ကလေးသုံးဆေးများ https://dr-tint-swe.blogspot.com/2022/03/medicines-for-kids.html

ဆရာရှင့် ကလေးကခေါင်းအမြဲတိုင်းပူပါတယ် အခုထိပါဘဲ ဆရာဝန်ပေးတဲ့ဆေးတွေလည်းပုံမှန်တိုက်ပါတဟ် ဒါပေမယ့်အဖျားက 38.8°C ရှိနေပါတဟ်ဆရာ အဲတာစိုးရိမ်ရပါသလားဆရာရှင့် သမီးကိုပြန်လည်ဖြေကြားပေးပါဆရာ။

လင့်တွေ ပို့ထားတယ်။ ဘက်တီးရီးယားပိုးတခုခုကြောင့်ဖျားတုဆိုရင် ပိုးသေးဆေးလိုမယ်။ လိုအပ်ရင် ဆေးအမျိုးအစား ပြောင်းပေးရတယ်။

ဗိုင်းရပ်စ်တခုခုကြောင့်တော့ ပဋိဇီဝဆေး မလိုပါ။

နောက်တခုက တခါတခါ အဖျားဘာကြောင့်ဖြစ်သလဲကို ဆေးရုံတက်ကုသရတဲ့ကလေးတွေမှာလည်း PUO ခေါ် အကြောင်းရှာမတွေရအဖျားဆိုတာလည်း ရှိသေးတယ်။ အချိန်တန်တော့ ပျောက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ