Urine smell ဆီးနံ့

(ကန်တော့) 

၁။ ဆူးပုပ်မှာ ဘယ်လို အာဟာရပါဝင်ပါသလဲဆရာ သေချာတာကစားပြီးဆီးသွားရင်သိတဲ့အတိုင်းအတော်အနံ့အသက်ကဆိုးလှပါတယ်

၂။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၇နှစ်ပါဆရာ အိမ်ထောင်သည်ပါ ကလေး ၄နှစ်ပါ အပေါ့သွားရင် ဆီးနံ့ အရမ်း ပြင်းလို့ပါဆရာ ကန်တော့ပါဆရာ ရေကိုင်ရင်လည်း အပေါ့ထပ်သွားရင် ထပ်နံပါတယ်ဆရာ အစားအသောက်ကြောင့်လား ရောဂါရှိလို့လား သိချင်လို့ပါဆရာ

၃။ ဆရာရှင့် ကျေးဇူးပြုပြီးဖြေပေးပါ။ ကျမသမီးလေးက ငယ်ငယ်ကတည်းက သူ့ဆီးကအရမ်း အနံ့ဆိုးပါတယ်။ အခုဆိုရင် အသက် ၁၅ နှစ်ရှိပါပြီ။ သူဆီးသွားပြီးရင် အိမ်သာထဲမှာ အနံ့ဆိုးကျန်ခဲ့ပါတယ်။

ရုပ်ရှင်ရုံ၊ အများသုံးဆီးသွားနေရာတွေရောက်ရင်ရတဲ့ ရှူနံ့ကို သိပ္ပံဘာသာသင်ထားသူတွေက အမိုးနီးယားနံ့ရတယ်လို့ ယဉ်ယဉ်ကျေးကျေး ပညာရှိဆန်ဆန် မှတ်ချက်ပေးလေ့ရှိတယ်။ Smile!

ဆီးနံ့ဆိုတာ ပြောစရာမလိုပါ၊ နံတယ်။ မနက်ခင်းဆီးက ပိုဆိုးတယ်။ မေးခွန်းတက်လောက်အောင် အနံ့ဆိုးတာ ဘာလို့ပါလဲ။ ပုံမှန်ဆီးဟာ အနံ့မရှိသလောက်၊ အရောင် မရှိသလောက်ဖြစ်တယ်။ အလွန်ဆုံး ကောက်ရိုးရောင်သာ ရှိတယ်။ ကြည်လင်တယ်။ အဆိပ်မပါလို့တောင်မှ ပြောနိုင်တယ်။

ဆီးနောက်ကျိနေတာလဲ ရောဂါတခုခုရှိလို့ဖြစ်တယ်။ အဝါရောင်ကဲတာ၊ ပန်းရောင်-အနီရောင်တွေကလဲ ရောဂါဘဲ။

ဆီးထဲမှာ ရေက ၉၅% ပါပြီး ကျန်တာတွေက (ဆိုဒီယမ်)၊ (အမိုးနီးယား)၊ (ဖေါ့စ်ဖိတ်)၊ (ယူရီယာ) နဲ့ (ဆာလ်ဖိတ်) တွေဖြစ်တယ်။ ရောဂါရယ်လို့မဟုတ်ဘဲ ရေဓါတ်နည်းနေစဉ် ဆီးသွားတာလဲ ပိုနံတယ်။ Ketones (ကီတုန်း) ဓါတ်တွေကြောင့် နံတာဖြစ်တယ်။ သူများတွေက Asparagus ကညွတ်စားရင်နံတယ်၊ မြန်မာတွေက တညင်းသီးစားရင် နံတယ်ပြောကြတယ်။ ကြက်သွန်ဖြူ-နီ၊ ငါးတွေကနေလဲ ဆိုးစေနိုင်တယ်။

ဆီးအိမ်ပိုးဝင်တာ၊ ကျောက်ကပ်၊ ဆီးလမ်းပိုးဝင်တာတွေကနေလဲ အနံ့ဆိုးစေတယ်။ အမျိုးသမီးတွေဆိုရင် ဆီးထွက်ပေါက်နဲ့နီးတဲ့နေရာက အခြေအနေ ဥပမာ အဖြူဆင်းတာ၊ ပိုးဝင်တာတွေကနေလဲ အနံ့ရောထွေးနိုင်တယ်။ Bacterial vaginosis ဖြစ်နေရင် ငါးညှီနံ့ရနေမယ်။ ဆီးချိုရောဂါရှိနေသူတွေမှာ သူများထက် ဆီးနံ့ကချိုနေတယ်။ ကျောက်ကပ်ပြွန်လေးတွေရောင်တာနဲ့ အသဲအလုပ်မနိုင်တော့တာတွေကနေ ဆီးနံ့ဆိုးရင် အရေးကြီးတယ်။

အနံ့ဆိုးတာမှာလဲ မတူပါ။ Foul ပုပ်နံ့၊ Strong ပြင်းထန်၊ Musty မှိုနံ့၊ Sweet ချို၊ Sulfur ဆာလ်ဖါနဲ့နဲ့ Ammonia အမိုးနီးယားနံ့တွေ ရှိတယ်။ ဆေးတွေနဲ့ ဗီတာမင်တချို့ကြောင့်လဲ ဆီးနံ့ပြောင်းမယ်။ Diabetic coma ဆီးချိုထိန်းမရတာ၊ Electrolyte imbalance ဓါတ်ဆားမမျှတတာ၊ Ketoacidosis (ကီတိုအက်စီဒိုးဆစ်) ဖြစ်တာ၊ Septicemia သွေးထဲ ပိုးဝင်တာ၊ Severe dehydration ရေဓါတ်ခမ်းခြောက်တာ၊ Shock (ရှော့ခ်) ရတာ နဲ့ Urosepsis ဆီးလမ်း ပိုးဝင်တာတွေကနေ ဆီးအနံ့ဆိုးစေတယ်။

ဆီးနံ့ရစေတဲ့အကြောင်းတရားတွေ စာရင်းချပါမယ်။

• Bladder Infection (Cystitis) ဆီးအိမ်ရောင်ခြင်း၊

• Dehydration ရေဓါတ်နည်းခြင်း၊

• Diabetes (Type 1 and Type 2) ဆီးချိုရောဂါ၊

• Phenylketonuria ဆီးထဲ ကီတုန်းဓါတ်တွေပါခြင်း၊

• Prostatitis ယောက်ျားဆီးကျိတ်ရောင်ခြင်း၊

• Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း၊

• Vaginitis မွေးလမ်းပိုးဝင်ခြင်း၊ Medications for Urine Odor ဆေးတွေကြောင့်ဆီးနံ့ပြောင်းခြင်း Amoxicillin, Ampicillin, Ciprofloxacin, Nitrofurantoin, Norfloxacin, Ofloxacin, Sulfamethoxazole and trimethoprim, Trimethoprim, Trovafloxacin

Other Causes of Urine Odor တခြားအကြောင်းတွေ

• Dietary Factors အစားအသောက်၊

• Liver Failure အသဲအလုပ်မလုပ်၊

• Maple Syrup Urine Disease မေပယ်လ်ဖျော်ရည်ဆီးရောဂါ၊

• Rectal Fistula စအို-ဆီးလမ်းပြွန်ဖြစ်ခြင်း။

၄။ ဆရာရှင့် အသက်က ၂၅ ပါဆရာ ဆီးလမ်းကြောင်းပိုးဝင်တာက ဆီးမာ(မှာ) အဖြူဖတ်လေးအမြဲပါတယ် တစ်ခါတလေ(တခါတလေ) မ (မှ) ပါတာမို့ ဆီးတော့ မအောင့်ဘူး ဘာဆေးစွဲသောက်သင့်လည်းဆရာ အပေါ်မာ(မှာ) ပြထားသလို ဆီးပိုးမွေးတဲ့အဖြေမာ(မှာ)လည်း ဆရာပြောသလို ဆီးလမ်းကြောင်းပိုးဝင်တာမို့ ဆေးစွဲသောက်ရမယ့် နာမည်လေးပေးပါဆရာ

ဆီးဆိုတာ အပျော့နဲ့ အမာရယ်လို့ မရှိပါ။ အပေါ်မာနဲ့ အပေါ်ပျော့လို့ မရှိပါ။ အပေါ်အဖြေမာနဲ့ အဖြေပျော့လို့လည်း မရှိပါ။

Urine ဆီးအပျော့ နဲ့ ဆီးအမာ မြန်မာပြည်မှာသာ ရှိတယ် (ကန်တော့)

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://dr-tint-swe.blogspot.com/2021/01/women-and-urinary-tract.html

Djenkol bean တညင်းသီး နှင့် ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/06/djenkol-bean.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ