Water cooler ဝါတာကူလာ

အေစီ မတတ်နိုင်သူတွေ သုံးရတယ်။ ဝါတာကူလာတွေ ကောင်းပါတယ်။ 

ဒေလီမြို့မှာ မေ၊ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပူလွန်းလို့ ပန်ကာနဲ့ မရတော့ပါ။ ပန်ကာလည်လည်း လေပူတွေ။

သူတို့ဆီက ဝါတာကူလာက တရာသီသာခံတယ်။ တနှစ်တခါပြင်ရမယ်။ လေးဒေါင့်သွပ်ခံပုံးမှာ ရေထည့်ရတယ်။ ရာသီဥတုပူရင် တနေ့ ၂ ခါလောက်ရေဖြည့်ပေးရတယ်။ အိမ်ပြူတင်းပေါက်မှာ ပန်ကာမျက်နှာစာကို အိမ်ခန်းဖက်လှည့်ဆင်၊ ခြင်မဝင်အောင်က အလုံဖါထေးထားရမယ်။ ဘေးသုံးဖက်မှာ ကောက်ရိုး-လွှစာလိုဟာ။ အဲတာကို တနှစ်ခါလဲရမယ်။ ရေတင်ပေးတဲ့ ပန့်သေးသေးလေးကနေ မျက်နှာပြင် ၃ ဖက်ကို အောက်ရေကိုတင်ပေးတယ်။ အထက်က ရေတံလျှောက်လေးတွေမှာ အပေါက်လေးတွေဖေါက်ပေးတားတော့ ကောက်ရိုးလို လွှစာပေါ်ကနေ ရေချပေးတယ်။ အဲတာကိုဖြတ်ဝင်လာတဲ့လေက အေးတယ်။ 

နှစ်စဉ် ပြင်ရတယ်။ ပန်ကာမော်တာ ကွိုင်ပြန်ပတ်တာများတယ်။ မော်တာညံ့ရင်ဆူညံတယ်။ တနှစ်တခါ ကိုယ့်ဖါသာဆေးသုတ်၊ အလုပ်ဖြစ်ပါတယ်။

လျှပ်စစ်မီးတော့ လိုတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ