Accuracy of smartphone apps for heart rate measurement စမတ်ဖုန်း အက်ပ် တွေ ဘယ်လောက်မှန်သလဲ

ဖုန်းကနေ တိုင်းတဲ့ application ထဲက  နှလုံးခုန်နှုန်း တွေကို အမှန်ယူလို့ရပါသလား ဆရာ

တိုင်းစရာ ၄ မျိုးရှိတယ်။

1. heart rate apps အက်ပ်

2. watches လက်ပတ်နာရီ

3. fitness trackers အားကစားသုံး

4. Heart Rate Monitor - Pulse App

အကိုးအကား ၃ ခုတင်ပြပါမယ်။

(၁) reasonably accurate အသုံးပြုအားကိုးနိုင်လောက်တဲ့အထိ မှန်ကန်တယ်။

(၂) တိကျမှု မတူကြပါ။ ၄ မျိုးကို ဆန်းစစ်သုတေသနပြုတော့ နှလုံးခုန်နှုန်းတိုင်းတဲ့ ‘အက်ပ်’ ၄ မျိုးကို ဆရာဝန်တွေအသုံးပြုတဲ့ clinical-grade equipment နည်းနဲ့ စစ်ဆေးတဲ့အခါ ၂၀% တို့ဟာ တမိနစ်မှာ ၂၀ ကွာခြားတာတွေ့ရတယ်။ 

ခန္ဓာကိုယ်နဲ့ထိတွေမှုမရှိတဲ့ ‘အက်ပ်’ တွေဟာ ခန္ဓာကိုယ်နဲ့ထိတွေမှုရှိတဲ့ ‘အက်ပ်’ တွေထက် တိကျမှု နည်းတာတွေ့ရှိရတယ်။

(၃)

ခန္ဓာကိုယ်နဲ့ထိတွေမှုရှိတဲ့ ‘အက်ပ်’ ၂ ခုဟာ ခန္ဓာကိုယ်နဲ့ထိတွေမှုမရှိတဲ့ ‘အက်ပ်’ ၂ ခုထက် ပိုမှန်တာ တွေ့ရတယ်။

(၄) ဘာ့ကြောင့်လဲ

camera lens ဖုန်းကင်မရာမှန်ဘီလူးနဲ့ထိစပ်တိုင်းထွာနည်းက မျက်နှာကနေတိုင်းတာထက် ပိုမှန်တယ်။ 

ဒါပေမဲ့ ‘စမတ်ဖုံး’ တွေနဲ့ ‘ကင်မရာ’ တွေဟာ ကျန်းမာရေးစစ်ဆေးဘို့ အဓိကထားလုပ်ထားတာမဟုတ်လို့ ဖြစ်ပါတယ်။

‘ဒစ်ဂျစ်တယ်’ သွေးဖိအားတိုင်းစရာတွေကလည်း လက်နဲ့တိုင်းရတဲ့ကရိယာတွေလောက် မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ