ဆူးပုပ်ကြီးက သွေးမတိုးပါ

ဆူးပုပ်ကြီးက သွေးတိုးတယ် ဆူးပုပ်လေးကတော့ မဆိုးဘူး ကျေးဇူးပါရှင့်

ဆူးပုပ်ကြီးက သွေးမတိုးပါ။

အသီးအရွက်တိုင်းကနေ သွေးတိုးမတက်စေပါ။

ဆား ခေါ် ဆိုဒီယမ်ဓါတ် ကနေသာ သွေးဖိအားတက်စေတယ်။ 

သွေးတိုးရှိသူတွေ အငန်(ဆား၊ ငပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ငပိထောင်း၊ ငပိကြော်၊ ငပိချက်၊ ငါးခြောက်၊ ပုစွန်ခြောက်၊) လျှော့စားရမယ်။ 

သွေးတိုးမရှိသူတွေ ဘာစားစား သွေးဖိအားမတက်ပါ။

သွေးတိုး တက်တယ် မတက်ဘူး သိလိုရင် မစားခင် သွေးတိုးတိုင်းထားပြီးနောက် စားပြီး ၁ နာရီ၊ ၂ နာရီ အချိန်တွေမှာ ထပ်တိုင်းရတယ်။ သွေးဖိအားတိုင်းစရာကလည်း မှန်ကန်တိကျရမယ်။ ဒစ်ဂျစ်တယ်ကရိယာတွေက မတိကျပါ။

သွေးတိုးအတွက် အစာမစားခင်-စားပြီး တိုင်းရတာ မဟုတ်ပါ။ ဆီးချိုကိုသာ အစာမစားမီနဲ့ စားပြီးချိန်တွေမှာ စစ်ဆေးရတယ်။

အရပ်ပြောစကားတွေက မမှန်တာများတယ်။

တမာရွက်လည်း သွေးမတက်ပါ။ မျောက်ငိုသီးလည်း သွေးတိုးမတက်ပါ။

တညင်းသီးကိုသာ ကျောက်ကပ်အတွက် သတိထားရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ