ဆေးသုတေသန မရှိ

ဆရာရှင့် သခွားသီးပူစီနံသံပုရာသီးကိုရောပြီးရေစိမ် ရတဲ့ရေကိုသောက်ရင်ဝမ်းထဲမှာရှိတဲ့အပူအပုပ်ထွက်တယ်ဆိုတာ တကယ်လားသိချင်ပါတယ်ရှင့်

ဆေးသုတေသန မရှိပါ။

အဲလိုအကြောင်းအချက်မျိုးတွေကို မကြာခဏရေးတင်ကြတယ်။ မကြာခဏ မေးကြတယ်။

လူတိုင်းမှာ အညစ်အကြေးစွန့်စနစ် ရှိတယ်။ ဝမ်း၊ ဆီးနဲ့ ချွေး။ ကန်တော့။

နေကောင်းနေချိန်မှာ အညစ်အကြေးစွန့်စနစ်တွေ ပုံမှန်အလုပ်လုပ်ပေးနေတယ်။

ဝမ်းနှုတ်ဆေး တလွဲသုံးခြင်းစာလည်း တင်ပြထားပါတယ်။ မလိုအပ်ဘဲ ဝမ်းနှုတ်ဆေးသောက်ရင် အူသိမ်၊ အူမကြီးနဲ့ အစာဟောင်းအိမ်တွေက ဝမ်းနှုတ်ဆေးမသောက်ရင် ငပျင်းဖြစ်ကုန်ကြတယ်။ အကျင့်ဖြစ်သွားတယ်။

ဘယ်ဆေးမဆို အားဆေးဖြစ်ဖြစ် မလိုအပ်ဘဲ မသောက်ရပါ။

အစာလမ်းထဲမှာ၊ သွေးထဲမှာ အပုပ်တွေရှိတယ်ဆိုပြီး မဟုတ်ကဟုတ်ကဆေးနည်းတွေ ခဏခဏတွေ့နေရတယ်။ ဈေးရောင်းတာ ရိုးရိုးသားသား ရောင်းသင့်ကြပါတယ်။

သူများတွေကို မညာသင့်ပါ။ စေတနာမှာ ပညာလည်းပါရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ