Cancer Data ကင်ဆာ ဒေတာ

ပုံထဲမှာ မြန်မာပြည်က ကင်ဆာအချက်အလက်တွေတဲ့။ 

"၂၀၁၈ ခုနှစ်စာရင်းအရ ကင်ဆာလူနာပေါင်း ၆၉,၅၅၄ ယောက်ရှိခဲ့ပြီး ကင်ဆာနဲ့ကွယ်လွန်သူ ၅၁,၀၅၉ ဦးရှိတယ်လို့ ကြေးမုံသတင်းစာကို ဖတ်ရတယ်။ ဆိုလိုတာက ကင်ဆာဖြစ်တာရဲ့ ၇၃့၄၁% သေဆုံးတယ်။"

"ဟုတ်ပါ့မလား ကောင်ကာဠုရဲ့"

ကျွန်တော်ကိုယ်တိုင် ဆန်းစစလေ့လာမှု မပြုနိုင်တော့ ပုံထဲကအချက်အလက်တွေကို မှားတယ်လို့ေjပာရတာ ခကပြန်သေးတယ်။ စစ်မှန်တဲ့ ကင်ဆာအချက်အလက်တွေကို တင်ပြပါမယ်။

တကမ္ဘာလုံးမှာ ၂၀၁၂ ခုနှစ်က ၁၄့၁ သန်းကင်ဆာဖြစ်ခဲ့ကြပြီး ၈့၂ သန်းသေဆုံးခဲ့တယ်။ သေဆုံးမှုနှုန်း ၅၈့၁၅% ရှိတယ်။

ယူအက်စ်အေမှာ ၂၀၁၈ ခုနှစ်မှာ ကင်ဆာလူနာသစ်ပေါင်း ၁,၇၃၅,၃၅၀ ယောက် ရှိနိုင်ပြီး ၆၀၉,၆၄၀ ယောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ထားခဲ့ပါတယ်။ ဖြစ်တာရဲ့ ၃၅့၁၃% သေဆုံးတယ်။

ကြေးမုံပါ ကင်ဆာသေဆုံးနှုန်းတွက်ချက်တာကို ပြန်စစ်ဆေးသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ သုတေသနလုပ်ငန်း အလွန်မတန် အားနည်းတယ်။ ရသမျှကိန်းဂဏန်းလေးတွေကို ယူနေကြရတယ်။ 

ယူအက်စ်အေမှာ ၂၀၁၁-၂၀၁၅ ကိန်းဂဏန်းတွေအရ လူဦးရေ တသိန်းမှာ ကင်ဆာဖြစ်သူ ၄၃၉့၂ ယောက်ဖြစ်တယ်။ ကင်ဆာနဲ့သေဆုံးသူ လူဦးရေ တသိန်းမှာ ၁၆၃့၅ ယောက်ဖြစ်တယ်။ သေဆုံးမှုနှုန်းမှာ ယောက်ျားတွေက ၁၉၆့၈ ရှိလို့ မိန်းမတွေ ၁၃၉့၆ ထက် သေဆုံးရတာ ပိုများတယ်။ လူဦးရေ ၃၈့၄% တို့ဟာ ကင်ဆာဖြစ်နိုင်တယ်။  ၂၀၁၇ ဆာဗေးအရ ၂၃့၂ သန်း ကင်ဆာဖြစ်တယ်။ လူဦးရေရဲ့ ၉့၄% ရှိတယ်။ ၂၀၁၆ ဆာဗေးအရ လူဦးရေ တသိန်းမှာ ၅၉၈,၀၃၈ ယောက် သေဆုံးတယ်။ 

WHO ကင်ဆာအချက်အလက်များ

သေဆုံးမှုအားလုံးထဲမှာ ကင်ဆာက ဒုတိယ။ ၂၀၁၈ ခုမှာ ၉့၆ သန်းကင်ဆာကြောင့် သေဆုံးခဲ့တယ်။ ၆ ယောက် သေဆုံးရင် ကင်ဆာကြောင့်က ၁ ယောက်။ ၇၀% ဟာ ဝင်ငွေနည်းနဲ့ အသင့်အတင့်သာရှိတဲ့ တိုင်းပြည်တွေကဖြစ်တယ်။ 

ကင်ဆာဖြစ်စေတဲ့လူအမျိုးအစားများ

၁။ ကိုယ်ခန္ဓာအချိုးမမျှခြင်း၊

၂။ အသီးနဲ့ အသီးအွက်တွေ စားသုံးမှုနည်းခြင်း၊

၃။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊

၄။ ဆေးလိပ်နဲ့ တိုဘက်ကိုသုံးစွဲခြင်း (၂၂% နဲ့ အများဆုံး)၊

၅။ အရက်သောက်ခြင်း၊

ဆေးလိပ်နဲ့ တိုဘက်ကိုသုံးစွဲခြင်းက ၂၂% နဲ့ အများဆုံး၊ အသည်းရောင်ခြင်းနဲ့ HPV လိင်လမ်းကြွက်နို့ ကူးစက်မှုတွေ နှစ်ခုပေါင်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေက ၂၅% ရှိတယ်။

အဖြစ်အများဆုံးကင်ဆာများ

၁။ Lung အဆုတ်ကင်ဆာ (2.09 million cases)

၂။ Breast ရင်သားကင်ဆာ (2.09 million cases)

၃။ Colorectal အူမကြီးကင်ဆာ (1.80 million cases)

၄။ Prostate ဆီးကျိတ်ကင်ဆာ (1.28 million cases)

၅။ Skin cancer အရေပြားကင်ဆာ (non-melanoma) (1.04 million cases)

၆။ Stomach အစာအိမ်ကင်ဆာ (1.03 million cases)

သေဆုံးမှုအများဆုံးကင်ဆာများ

၁။ Lung အဆုတ်ကင်ဆာ (1.76 million deaths)

၂။ Colorectal အူမကြီးကင်ဆာ (862 000 deaths)

၃။ Stomach အစာအိမ်ကင်ဆာ (783 000 deaths)

၄။ Liver အသည်းကင်ဆာ (782 000 deaths)

၅။ Breast ရင်သားကင်ဆာ (627 000 deaths)

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကင်ဆာဘေးက ဝေးကြပါစေ။ သုတေသနတွေ များများလုပ်နိုင်ပါစေ။

ဒေါက်တာတင့်ဆွေ

၂၀-၆-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ