Doctor ဆရာဝန်ကို ဘယ်လိုခေါ်သင့်သလဲ

uncle account ကသမီး suggestions မှာအမြဲပေါ်နေလို့ပါ အပ်လိုက်တာပါ

ဟုတ်

ဦးလို့ခေါ်မယ်ရလား

ဆရာ

ဟုတ်ကဲ့ဆရာ

အခုလိုတင်ပြတိုင်းမှာ လာလေ့ရှိပါတယ်။ အဘ၊ ဦးကြီး၊ ဦးလေး၊ အကိုလို့ခေါ်တာ ယဉ်ကျေးမှုတဲ့။

အမျိုးသားဆရာဝန်ကို ဆရာ နဲ့ အမျိုးသမီးဆရာဝန်ကို ဒေါက်တာ လို့ခေါ်တာထက် သင်မှန် + ယဉ်ကျေးတဲ့စကားလုံး မရှိပါ။

ကျွန်တော့မှာ အမျိုးတွေ များတယ်။ တူ တူမတွေလည်း အများကြီး။ ဘယ်သူတွေက ဘယ်လိုခေါ်တယ်လို့ အတိအကျ သိတယ်။ ‘ဦးလေး’ ခေါ်သူ မရှိ။ ‘အဘ’ ခေါ်သူ မရှိပါ။ 'အကို' ခေါ်သူ မရှိပါ။

ဆရာဝန်နဲ့ လူနာကြား ဆက်ဆံရေးဆိုတာ ရိုးရှင်း-တည့်မှန်ရပါတယ်။ အပို အလို မရှိသင့်ပါ။ ဆရာဝန်-လူနာ ဆက်ဆံရေးအကြောင်း ၃ ပုဒ် တင်ပြထာတာ ကြာပြီ။

ဆရာဝန်ပဋိညာဉ်ထဲမှာ ဆရာဝန်တွေက သူတို့အမျိုးအရင်းကို အရေးကြီးတဲ့ရောဂါဆိုရင် မကုသရပါ။

Doctor-patient relationship (1) ဆရာ-လူနာ ဆက်ဆံရေး (၁) https://dr-tint-swe.blogspot.com/2022/11/doctor-patient-relationship-1.html

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂) https://dr-tint-swe.blogspot.com/2022/02/doctor-patient-relationship-2.html

Doctor-patient relationship (3) ဆရာ-လူနာ ဆက်ဆံရေး (၃) https://dr-tint-swe.blogspot.com/2022/02/doctor-patient-relationship-3.html

Doctor, Relatives and Relativity ဆရာဝန်တွေက သူတို့ဆွေမျိုးကို ဆေးကုရင် https://dr-tint-swe.blogspot.com/2022/11/doctor-relatives-and-relativity-2.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ