Ether လေဟာပြင် ဆရာဝန်

လွန်ခဲ့တဲ့ ၆ နှစ်တိတိက ကိုလေး (အင်းဝဂုဏ်ရည်) ကနေ ကဗျာတပုဒ်တင်ပါတယ်။ ခေါင်းစဉ်က မေ့ဆေးအီသာ တဲ့။ 

မေ့ဆေး အီသာ 

ဖိတ်မိမှားပြီ

ရမ်းကားရိုင်းပျ ခက်ထန်လှ၏

မာနမီးကုန် သုန်မှုန် ဆောင့်အောင့်

ဖနောင့်သံပြင်း ဝင်လာခြင်းကို

ငြင်းဆန်ပေမင့် လာနေပြီ

ဆရာကိုလေးက ၁၁-၁၀-၁၉၈၁ ခုနှစ်မှာ အူအတက်ရောဂါကြောင့် မေးဆေးပေးခွဲစိတ်ခံရလို့ ခံစားမှုကို ရေးဖွဲ့တာပါ။ 

ကဗျာအဆုံးကတော့ 

အလို 

လူကြမ်း အီသာ

ပြန်သောခါဝယ်

မေတ္တာသုတ်မြတ် ရွတ်ဖတ်လျက် တဲ့။

အီသာဆိုတာနဲ့ စိတ်ဝင်စားပြီး ကဗျာကိုသေချာဖတ်၊ မှတ်ချက်လေးပါ ရေးလိုက်တယ်။ 

အဲဒီခေတ်က တောနယ်တွေ၊ မြို့ငယ်တွေမှာ အကောင်းဆုံး မေ့ဆေးဟာ Ether အီသာ ဖြစ်ပါတယ်။ လူနာ့အတွက်တော့ အခံရဆိုးလှတယ်။ ဒါေ့ပမဲ့ တောသားလူနာအသက်တွေ အများကြီးကိုကယ်နိုင်ခဲ့ပါတယ်။ အင်းဝနဲ့မဝေးတဲ့ မြို့သာအမှတ်တရ၊ ဒေါက်တာတင့်ဆွေ။

အဲတော့ ဆရာကိုလေးက ပြန်ရေးလာတယ်။

ဆရာဆွေ ကျွန်တော့ အီသာက expire ကံကောင်းလို့ပါလား ခင်ဗျားကိုလဲ ကျွန်တော် ကြောက်ပ open air မှာ ခင်ဗျား ခွဲနေတာ မြို့သာရောက်တုန်း မြင်ခဲ့ပါ့ တံတားဦး ဒေါက်တာကိုလေးဆီက catgut တွေ ယူသွားတာလဲ မှတ်မိပါ့ ခင်ဗျားက မြို့သာရဲ့ HERO ဘဲ သတိရတယ်ဗျာ (အင်းဝဂုဏ်ရည်)

ကက်ဂတ်ဆိုတာ ခွဲစိတ်ရာမှာသုံးတဲ့ ချုပ်ကြိုး။ တောဆေးရုံမှာရှားတော့ မှောင်ခိုဈေးကနေ ဝယ်ထားတာလေး ကုန်ရင် အနီးအနားဆေးရုံက ချေးရတယ်။

အီသာ ခေါ်မေ့ဆေးရည်တွေကို မန္တလေးဈေးချိုက မှောင်ခိုဝယ်ရတာ။ အလွန်အနံ့ပြင်းတယ်။ ကျွန်တော် မြို့သာဆေးရုံမှာ ၆ နှစ်အတွင်း လူနာပေါင်းများစွာကို အီသာပေးခွဲပါတယ်။ ဆေးရုံနဲ့ ကျွန်တော်နေတဲ့အိမ်က ကိုက်သုံးရာလောက် ဝေးတယ်။ ကျွန်တော် ခွဲစိတ်ခန်းစတာကို အိမ်ကဆရာဝန်ကတော်ရဲ့ နှာခေါင်းကသိတယ်။

အိုင်းပင်အဲဆိုတာ ကျွန်တော့ လေဟာပြင်ခွဲစိတ်ခန်း။ မနက်ခင်း ပြင်ပလူနာတွေကုန်တာနဲ့ အိုပီဒီနေရာကို လှည်းကျင်းပြီး လျှပ်စစ်မီးမရှိလို့ ပြူတင်းတွေ တံခါးတွေဖွင့် ခွဲစိတ်ရတယ်။ ရန်ကုန်ဆင်းတိုင်း ဗိုလ်ချုပ်ဈေးနားက လေဟာပြင်ဈေးမှာ ခွဲစိတ်ခန်းသုံး ပစ္စည်းကရိယာတွေ ရှာဝယ်ရတယ်။ လေဟာပြင်ဇာတ်ရုံတော့ တခါမှ ဇာတ်တွေပွဲတွေ မကြည့်ဖူးခဲ့ပါ။

ဒေလီရောက်တော့ မြန်မာပြည်ကနေ ပူပူနွေးနွေးအမတ်ဖြစ်ခဲ့သူက ကိုလေး (အင်းဝဂုဏ်ရည်) ရေးသလို Hero ဟီးရိုးစက်ဘီး အဟောင်းတစီး ဝယ်စီးပါတယ်။

ဒေါက်တာတင့်ဆွေ

၄-၆-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ