Group ဂရုတွေထဲမှာ လူနာတွေက ဇာတ်လိုက်မင်းသမီး

၁။ Group တခုမှာတင်ထားတာတွေ့လို့ပါဆရာ။ နမိုးနီးယားရောဂါ ဘာ့ကြောင့်ဖြစ်တတ်သလဲ မဖြစ်အောင်ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာ အလင်းပြပါဆရာရှင့်

မေမေတို့ကိုပြောပြချင်လို့ပါ။ ဝမ်းကွဲအမတယောက်ရဲ့သမီးလေး နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ဆုံးသွားတာပါ။ သမီးလေးကို အဲ့ရောဂါဆိုးကြီးက အရွယ်မတိုင်ခင် အသက် ၂နှစ်ကျော်ရုံလေးမှာပဲ သမီးလေးကိုခေါ်သွားခဲ့တယ်။ သမီးလေးမေမေပြောပြတာကတော့ -

၂။ သူများတင်ထားတာပါဆရာ။ ဒါဘယ်လို ဗိုင်းရပ်စ်လဲဆိုတာ သိချင်လို့ပါဆရာ။

အသွားနဲ့အပြန် သမီးလေးက မဆုံးခင် မနက်ကနေ ညနေ ပိုင်းအထိလန်းလန်းဆန်းဆန်းရှိတယ်။ ညနေ ၆ နာရီ လောက် ကမှ ဝမ်းစသွားတယ်။ ဆေးရုံမရောက် ခင် အချိန်ထိ ဝမ်း ၅ ခါလောက်အချိန်တိုတွင်းသွားတာ။နောက်ဆုံးပိုင်းည ၁၁ နာရီလောက်အကြိမ်တွေမှာ အစိမ်းရောင်ဝမ်း သွားတာ။ ဒိုက်ဘာထဲမှာ သွားတာ လှန်ကြည့်မှ သိတယ်။ ဘက်တီးရီးယား မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်တဲ့။ GE sepsis ကြောင့် သွေးလန့်ရှော့က်ဖြစ်ကြတယ်။ဝမ်း သွားပြီးတာနဲ့ ဆုံးသွားကြတယ်တဲ့။ (တခုခုတော့ လုပ်မှ ဖြစ်မယ်) လို့ ပြောပါတယ်။ 

ကြိုးစာဖတ်ပါတယ်။ ဂရုဆိုတာတွေက ဘာတွေလဲ မသိပါ။ ဇာတ်လမ်းတွေနဲ့ ရေးကြတယ်။ လွမ်းသွားအောင်၊ သနားသွားအောင်၊ ယူကြုံးမရဖြစ်အောင် ရေးကြတာတွေကို ဖတ်ပြီး ကျွန်တော်လာလာမေးကြတယ်။ အဲလိုဟာတွေကို မဖြေပါ။ ကာယကံရှင်က မေးနည်းစည်းကမ်းအတိုင်းမေးရင် ဖြေပါတယ်။ စာထဲက GE sepsis ကို ဂူဂယ်လ်မှာရှာပါ မတွေ့ပါ။ ရေးတဲ့သူ ဆရာဝန်ဟုတ်ပါရဲ့လား။ ဆေးစစ်ချက်အဖြေစာ မှန်ပါရဲ့လား မသိ။

ရမ်းမှန်းဖြေတာ ဆရာဝန်အလုပ်မဟုတ်ပါ။ ဆေးကုတယ်ဆိုတာ လွမ်းစရာတွေ၊ သနားစရာတွေ၊ ယူကြုံးမရ ဖြစ်စရာတွေကို ဘေးချိတ်ထားရတယ်။ အရှိအတည့်ကိုသာ ကြည့်ရတယ်။ 

ရသခံစားချင်ရင် စိတ်ကူးယဉ်ဝတ္ထုတွေသာ ဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ။ ဂရုဖတ်ပါ။ လာတော့ မမေးကြစေလိုပါ။ တကယ်ဖြစ်တာတွေ မဟုတ်။ ဆရာဝန်တွေရေးတာက ဖတ်ချင်စရာမကောင်းတာတွေသာဖြစ်တယ်။ ဆောရီး။

ဂရုတွေထဲမှာ လူနာတွေက ဇာတ်လိုက်မင်းသမီး။ ဆရာဝန်တွေက ဗီလိန်။ ဘေးတီးသူက စာရေးဆရာတွေ။ 

ဒေါက်တာတင့်ဆွေ

၃-၆-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ