Herb Garden ဖေ့စ်ဘွတ် ဆေးဥယျာဉ်ကြီးဝယ်

- ဟိုအသီး ဆီးချိုပျောက်၏။

- ဒီအရွက် အရက်နာပျောက်၏။

- ဟိုအမြစ် အဆစ်နာပျောက်၏။

- သည်ပန်း အချမ်းပျောက်၏။

- ဟိုမြက် ဝက်သက်ပျောက်၏။

- အဲဒီဆေး လေးလုံးရောဂါပျောက်၏။

- အဲဟိုဆေး တုပ်ကွေးပျောက်၏။

- သည်အဖူး အမူးပျောက်၏။

- ဟိုအပင် သေသူပြန်ရှင်၏။

- ဒီကရတဲ့ပြာ ကင်ဆာပျောက်၏။

ဆေးရုံဆေးခန်းတွေမှာ လူနာခန်းခြောက်ကုန်ကြ၏။ ဆေးဈေးတွေ ကျသွားပြီ။ ဆရာဝန်ကို ကျန်းမာရေးမေးစရာမလိုတော့ပါ။

ဆေးသုတေနသရှိတဲ့ ဟယ်ဘယ်ဆေးတွေကို မဆိုလိုပါ။

ဒေါက်တာတင့်ဆွေ

၂၂-၆-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ