Ketoconazole ဆေး

၁။ ဆရာ Ketoconazole 200mg က အစာစားပီး(ပြီး) ​သောက့်သင့်တာလား အစာမစားခင်​သောက်သင့်ပါသလားဆရာ Ketoconazole 2% နဲ့ Ketoconazole 20mg က တူပါသလားဆရာ ဘယ်ကပို့ပီး(ပြီး) အာနိသင်များပါသလဲ

Ketoconazole ဆေးသောက်တာ အစာနဲ့နီးတာ ကောင်းတယ်။ 2% = လိမ်းဆေး + ခေါင်းလျှော်ရည်။ 20mg = စားဆေး။

၂။ ကီတိုကိုနာဇော 200g ကိုတနေ့ဘယ်နှစ်ကြိမ်သောက်ရမလဲဆရာ 

g နဲ့ mg မှားနေတယ်။ ဆေးစာရေးတာ မြန်မာစာလိုမဟုတ်ပါ။ တိတိကျကျရေးရတယ်။ မြန်မာစာကတော့ တချို့စာအုပ်တွေ တအုပ်လုံး စားလုံးပေါင်း မမှန်ပါ။ ဝယ်ဖတ်ကြတယ်။

၃။ မင်္ဂလာပါဆရာ အမျိုးသမီးအသက် ၂၅အိမ်ထောင်မရှိပါ ပေါင်ကြားမှာပွေးပေါက်ပါတယ်ဆရာ ၂လနီးပါးရှိပါပြီ ဆေးဆိုင်က ketoconazole ညွှန်လိုက်ပါတယ် လိမ်းဆေးကိုတနေ့အကြိမ်ဘယ်လောက်လိမ်းနိုင်ပါသလဲဆရာ သောက်ဆေး 200g ကိုရော ရက်ဘယ်လောက်သောက်ရပါမလဲဆရာ ရှောင်သင့်တဲ့အစားအစာတွေလဲသိချင်ပါတယ်ဆရာ အစာအိမ်ရောဂါမရှိပါအသည်းရောဂါမရှိပါ ဆေးကိုအစာနဲ့သောက်လို့ရမှာလား  အစာမပါပဲသောက်လို့ရမှာလား ဆိုတာလဲသိချင်ပါတယ်

Ringworm ပွေးအတွက် Oral ketoconazole tablet စားဆေးကို ဘေးထွက်သက်ရောက်မှုတွေအကြောင့် အသုံးနည်းတယ်။ Ketoconazole Cream လိမ်းဆေးသုံးနိုင်တယ်။

တကယ်လိုသူတွေအတွက်

လူကြီး 200 mg တနေ့တကြိမ်ကစသောက်ပါ။ ဆရာဝန်ကလိုသူတွေကို 400 mg ထိ တိုးသောက်စေမယ်။

၂ နှစ်အထက် ကလေးတွေကို ဆရာဝန်ကညွှန်မှသာ သောက်စေရမယ်။ 3.3 mg/kg to 6.6 mg/kg တနေ့ တကြိမ်။

Tinea Versicolor ညှင်းအတွက် Ketoconazole 200 mg တနေ့ ၁ ခါ၊ ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Ketoconazole 400 mg တကြိမ်ထဲသောက်ပါ။ ဆေးသောက်ပြီးရင် ၈-၁၂ နာရီအတွင်းရေမချိုးပါနဲ့။ ပူအိုက်တဲ့နေရာဒေသတွေမှာ တခါထဲသောက်ဆေး မတိုးတတ်ပါ။ များရင်လဲ အသဲထိခိုက်မှာစိုးရတယ်။ 

ခေါင်းလျှော်ရည်နဲ့ လိမ်းဆေးက Ketoconazole (Nizoral) ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ အရေပြားအနီပြင်ထွက်၊ အသည်းထိခိုက်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေရင် မသောက်သင့်ဘူး။ ၂ နာရီအတွင်းမှာ antacids လေနာဆေးမသင့်ဘူး။ အရက်နဲ့မတွဲသင့်ဘူး။ Ketoconazole စားဆေးကို ၃-၁၈ လအထိသောက်ရတယ်။

Ringworm ပွေး https://dr-tint-swe.blogspot.com/2021/05/ringworm.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ