Normal ပုံမှန်

လေးစားတယ် ဆရာ၏ရင်တွင်းက မျိုးချစ်စိတ်ကို သိခွင့်ရလို့ပါ တဲ့။

ဟုတ်။ 

ဒါပေမယ့် မျိုးချစ်စိတ်လို့တော့ ဘာသာမပြန်သင့်ပါ။ ကနေ့ကာလမှာ အမျိုးတို့ ဘာသာတို့ကို လိုရာ ဆွဲသုံးနေကြလို့ အဲတာနဲ့ ရောအထင်ခံရနိုင်တယ်။

ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ မိမိကိုးကွယ်ရာဘာသာကို မချစ်တဲ့သူ မရှိပါ။ အဲတာ နော်မယ်လ်ဖြစ်တယ်။ ပုံမှန်ပေါ့။ လူတိုင်း မဖျားရင် အပူချိန် ၉၈့၆ ဒီဂရီ ဖါရင်ဟိုက် အတူတူရှိကြသလိုပေါ့။ သူများထက်ထူးပြီး ချစ်လှချည်ရဲ့၊ ပိုပြီး ရိုသေပါတယ်လို့ ပြောတာဟာ ငါမဖျားဘူးဟေ့လို့ ရင်ပတ်စာဆွဲထားတာနဲ့တူတယ်။

ဆေးစာမှာ နော်မယ် လို့ခေါ်ပါတယ်။ ပုံမှန်။ ပုံမှန်ထက် များလည်း မကောင်း၊ နည်းလည်း မကောင်း။

ပုံမှန်ထက်များရင်တော့ ဖျားပြီ။

ဒေါက်တာတင့်ဆွေ

၂၄-၆-၂၀၁၅

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ