Remedies ရောင်းကောင်းသော ဆေးမြီးတိုများ

ကွန်မင့်တခု = သဘာဝဓာတ်စာ အနေနဲ့ သခွပ်ပွင့် နဲ့ ဆင်နှာမောင်းပင် ပြုတ်ရည်တို့ကို အကြံပြုခွင့်ပေးပါဆရာ

ဆေးသုတေသန မရှိပါ။ သခွပ်ပွင့် စာချင်းရင် ရောဂါရှိရှိ မရှိရှိ စားနိုင်တယ်။

ဓါတ်စာ၊ ကိုဗစ်၊ ကင်ဆာ စတာတွေအတွက် ပျောက်စေဆေးတွေ ဖေ့စ်ဘွတ်မှာ ရေးတင်ကြတယ်။ အမည်ဆန်းတာ၊ စာလုံးပေါင်းခက်တာ၊ ရွံစရာ၊ ဘယ်မှာလိုက်ရှာရမှန်းမသိတာတွေသာ ဖြစ်နေတယ်။

လောက်သေရွက်၊ ဆေးအိုဗုတ်၊ ငှက်သိုက်၊ အောက်မဲညို၊ ဒင်းလိယွန်ပွင့်၊  မြက်ပင်တမျိုး၊ ပေါင်းပင်တမျိုး စတာတွေ အများကြီး။

ဆေးသုတေသနမရှိပေမဲ့ ရှာရလွယ်တာတွေလည်းပါတယ်။ တမာရွက်ပြုတ်၊ ကြက်သွန်ဖြူ၊ နေရောင်၊ အရက်၊ ဂျင်း၊ စတာတွေ အများကြီး။

စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments