Riboeria 500mg မေးခွန်းတခု

တခုလောက်မေးချင်လို့ပါရှင် အသက် ၇၈၊ အမျိုးသမီး၊ နှလုံးဆေး၊ Platelets မတိုးစေရန်ဆေး Riboeria 500mg တနေ့တလုံးသောက်နေရပါတယ်ရှင်၊ ခြေထောက်ကလဲ ခြေဖမိုးနဲ့ ခြေကျင်း၀တ်နား ရောင်လိုက် ကျလိုက်နဲ့ ဖြစ်လို့ဆေးစစ်ထားတာ Potassium နဲ့  creatinine တို့ နဲနဲတက်နေပြီး Vit D ကျနေလို့ 29 May ကစပြီး Furo Denk 40 မနက်တခြမ်း နဲ့ Vit D တနေ့တလုံး မနေ့ကမနက်က အိပ်ရာအထ ခေါင်းမူးပြီး အိပ်ရာမှာအသာနေရာက နောက်တနာရီအကြာ Pressure ချိန်တာ 139/60 ပါဆရာ ခေါင်းမူးသက်သာ အစာစားနိုင်ပေမယ့် ခေါင်းညာခြမ်းမှာ အရည်တွေ စီးဆင်းနေသလိုခံစားနေရပြီး အဲဒီဘက်စောင်းအိပ်၍မရပါရှင်၊ အဲဒါ အိမ်နားက ပြနေကျ အရိုးအကြော ဆရာ၀န်လေးက Amlosun 10mg ကို ခန(ခဏ)ရပ်ထားပြီး perislone ဆေးတမျိုးကို မနက် ၁၊ ည ၁ သောက်ခိုင်းပါတယ်ရှင်၊ အဲဒီလိုဆေးက နှလုံးဆေး platelet ချတဲ့ဆေးတို့နဲ့ အဆင်ပြေနိုင်ရဲ့လားလို့ မေးကြည့်တာပါဆရာ

Riboeria 500mg

Folic acid

Vit D 1000

Furo Denk 40

စာရေးတာ သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

မေးခွန်းပါလူနာအတွက် ဖြေရတာ ခက်တယ်။ လူနာရဲ့ ရောဂါအမည်နဲ့ ဆေးစစ်ချက်ဂဏန်းတွေ မသိရပါ။

အသက်ကြီးသူတိုင်း သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော သိရမယ်။ မေးခွန်းအရ သွေးတိုး မရှိပါ။

ပလိတ်လက်စ် ခေါ် သွေးမှုန်များနေသလား ဒါမှဟုတ် သွေးပျစ်နေသလား မသိပါ။

Riborea 500mg ဆေးဟာ head and neck cancer ဦးခေါင်းပိုင်းကင်ဆာနဲ့ sickle cell anemia သွေးအားနည်းရောဂါတမျိုးအတွက် ပေးတယ်။

Amlosun 10mg ဆေးက သွေးတိုးကျဆေးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ