Smoking Quit Tips ဆေးလိပ်ဖြတ်ရန် အမြန်အကြံပြုချက်များ

၁။ အသက် ၂၅၊ အမျိုးသား။ ဆရာ ကျွန်တော် ၂၃ မှ ဆေးလိပ် စသောက်ဖြစ်ပါတယ်  ခု ဆေးလိပ်ဖြတ်ချင်လို့ပါ။ ဆေးလိပ်ကို ဖြတ်လိုက်ရင်လည်း ၃ လ လောက်ဘဲ ပြတ်ပါတယ်ဆရာ။ နောက် ပြန်သောက် ဆရာ။ စဖြတ်ရင်လည်း လက်ထိပ်တွေ တင်းပြီး၊ နောက်ထမင်းစားပြီး သောက်ချင်ဆရာ။ တသက်လုံးဝ ပြန်မသောက်နေတဲ့ ဖြတ်နည်း ညွှန်ကြားပေးပါ ဆရာ။ ဆရာခင်ဗျ ကျွန်တော် ဆေးလိပ်ကို မုန်းပါတယ်။

၂။ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ သုံးနှစ်ရှိပါပြီ။ ဆေးလိပ်ဖြတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ပါပဲဗျာ၊ ဘာ့ကြောင့် မဖြတ်နိုင်ရမှာလဲလို့ မာနမွေးကြပါ။

၃။ ကျွန်တော်ဆေးလိပ်သောက်တာ ၁၅နှစ်ရှိပါပြီ။ အဲဒါကျွန်တော် ဖြတ်ကြည့်ချင်ပါတယ်။  လွယ်ပါ့မလားဆရာ အရင်က တခါဖြတ်ဖူးပါတယ်။ ၃ လလောက်နီးနီး ပြတ်သွားပြီးပြန်သောက်တာ အခုထိပါပဲ။ အဲဒါအခုပြန်ဖြတ်ချင်ပါတယ်ဆရာ။ ဆေးလိပ်ဖြတ်ရမယ့်နည်းနဲ့ ခံစားရမယ့်ဝေဒနာလေးတွေကို ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။

၄။ ကျွန်တော့်အသက် ၂၅ နှစ်ပါ။ ကျွန်တော် ၁၅ နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့တာဖြစ်ပါတယ်။ အခုဆို ဆေးလိပ်သောက်တဲ့သက်တမ်းဟာ ၁ဝ နှစ်လောက်ရှိနေပါပြီ။ အခုအချိန်မှာ ဆေးလိပ်ဖြတ်ချင်နေပါတယ်။ ကျွန်တော့်ရဲ့ ဆေးလိပ်သောက်နှုန်းက တရက်ကို တဘူးနှုန်းလောက် ဖြစ်နေတာကြောင့်လည်း ကျွန်တော့်မှာ ဆေးလိပ်ဖြတ်ဖို့ကို အခက်တွေ့နေရပါတယ်။ ဆေးလိပ်ဖြတ်နိုင်ဖို့ ညွှန်ကြားပြသပေးပါဦးဆရာ။ ဘယ်လိုသုံးစွဲရတယ် ဆိုတာလေးကိုလည်း သိချင်ပါတယ်။

မေးတဲ့သူတွေဟာ ဆေးလိပ်သောက်နေသူအားလုံးထဲက ဆေးလိပ်ဖြတ်ချင်သူ ၇ဝ% ထဲက ဖြစ်နေတာကိုသိပါ။ ဆေးလိပ်မှန်သမျှ စီးကရက်ဖြစ်ဖြစ်၊ ဆေးပေါ့လိပ်ဖြစ်ဖြစ်၊ ဆေးပြင်းလိပ်ဖြစ်ဖြစ်၊ အိန္ဒိယက ဘီဒီဆေးလိပ်သေးဖြစ်ဖြစ်၊ နိုင်ငံခြားကလာ မာလ်ဘိုရိုဖြစ်ဖြစ်၊ တရုပ်ကသွင်းတတာဖြစ်ဖြစ် ဘာတခုကိုမှ ပိုကောင်းမယ်၊ သက်သာနိုင်လောက်တယ်၊ စတိုင်ကျတယ် ဘာဆိုဘာမှ ဆင်ခြေပေးမနေဘဲ၊ သင့်အဆုပ်တွေထဲ၊ သွေးကြောတွေထဲ၊ ဆဲလ်တွေထဲမှာ တခါရှူတခါ ဖျက်ဆီးနေတာကိုသိလိုက်ပါ။ သိပြီးသား ဖြစ်နေမှာပါ။ တကယ်အသိမျိုးနဲ့ သိစေလိုပါတယ်။ တခါတလေသောက်တာပါလို့ လျှော့မတွက်စေချင်ပါ။

ဘာလို့ ဆေးလိပ်ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပေါင်းအားလုံးကို ချရေးလိုက်ပါ။ ကျန်းမာရေးအတွက်လား၊ ချစ်သူခင်သူတွေ အမျိုးတွေကနေတိုက်တွန်းလို့လား၊ ကိုယ့်သားသမီးတွေအတွက် နမူနာကောင်းပြချင်လို့လား၊ ကိုယ်မိသားစုနဲ့ ကိုယ့်ပတ်ဝန်ကျင်မှာ တဆင့်ခံဆေးလိပ်သောက်သူတွေမှာ ဖြစ်ရတဲ့ အန္တရာယ်တွေကို မဖြစ်စေချင်လို့လား၊ စသဖြင့်။ ငါ တကယ်ဆေးလိပ်ဖြတ်ချင်တာက အလေးအနက်ဖြစ်လေလေ အောင်မြင်မှုရလေလေ ဖြစ်တာလဲ သဘောပေါက်ပါ။ သန္နိဋ္ဌာန်ကအလွန်အရေးပါတာကိုလဲ သိပါ။ နီကိုတင်းဖြတ်လို့ဖြစ်ရတဲ့ဒဏ်တွေကိုတော့ ခံစားရမယ်ဆိုတာ သိထားပါ။ ငါကျော်လွှားနိုင်မယ်လို့ ယုံကြည်မှုကိုလဲ အခိုင်အမာထားပါ။

နီကိုတင်း ဆိုတာ

စွဲစေတယ်။ ကိုယ်ကစွဲစေတာကို ကြိုက်နှစ်သက်လို့ လက်ခံသုံးစွဲလာခဲ့တာမျိုးကို အဆက်ဖြတ်ရတာမှာ ခံစားရမယ်ဆိုတာ ဆရာဝန်မပြောလဲ သိမှာပါ။ ချစ်သောသူနှင့် ကွေကွင်းရခြင်းဆင်းရဲ ဆိုတာရှိပေမဲ့ ရန်သူနဲ့ လမ်းခွဲမယ်လို့သဘောထားပါ။ စိတ်မူပြောင်းတာလာလိမ့်မယ်။ မကောင်းတာကနေ အကောင်းဖြစ်ဘို့ မူပြောင်းတာလို့ သဘောထားစေချင်ပါတယ်။ ခံစားရမှာတွေကို ရက်သတ္တပါတ်နဲနဲကြာမယ်။ တရက်ဖြတ်မယ်။ တလိပ်စာဖြတ်မယ်ဆိုတဲပနည်းလမ်းလဲ သုံးကြည့်နိုင်ပါတယ်။ အကူအညီလိုရင်ယူပါ။ အခမဲ့ကူညီတဲ့အသင်းအဖွဲ့တွေ၊ ဝက်ဘ်ဆိုက်တွေလဲ အများကြီးရှိပါတယ်။ မိသားစုဆရာဝန်၊ စိတ်အထူးကုဆရာဝန်တွေကိုလဲ အားကိုးပါ။ တချို့ကဆေးလိပ်ဖြတ်လိုက်ရင် ကိုယ်အလေးချိန် တိုးမယ်လို့ မျှော်မှန်းကြတယ်။ ဒါကို ဦးတည်တာမျိုး မလုပ်ပါနဲ့။ နီကိုတင်းအစားထိုးသုံးလို့ရတာတွေလဲရှိတယ်။ ငုံရ-ဝါးရတာမျိုးတွေပါ။ ကြိုက်တာရွေးပါ။ FDA အသိအမှတ်ပြု ဆေးတွေသုံးဘို့ အကြံပေးပါရစေ။

FDA အသိအမှတ်ပြုဆေးတွေဆိုတာ

(၁) ဆေးဆိုင်တွေမှာ အလွယ်ရတာတွေ

Nicotine Patch - NicoDerm® CQ, Nicotrol® Nicotine Transdermal Patch Nicotine patches ဆေးကပ်ခွါကို တနေ့တခါကပ်ထားပါ။ (နီကိုတင်း) ဓါတ်ကသွေးထဲကိုဝင်လာနေမယ်။ ၆ ပါတ်ကနေ ၁ဝ ပါတ်အထိ အချိန်ယူနိုင်တယ်။

Nicotine Gum - Nicorette® ငုံရတာမျိုး။ ဆေးကပ်ခွါလိုဘဲ (နီကိုတင်း) ကို သွေးထဲဝင်စေမယ်။ ၁၂ ပါတ်လောက် အချိန်ယူနိုင်တယ်။

(၂) Prescription ဆရာဝန်လက်မှတ်နဲ့ဝယ်ရတာမျိုးတွေ

Nicotine Patch - Habitrol®, ProStep®

Nicotine Nasal Spray - Nicotrol® NS

နှာခေါင်းထဲကနေ (နီကိုတင်း) ထုတ်ပေးနေမယ်။ ပန်းနာသယ်တွေသုံးတာမျိုးနဲ့မတူပါ။ တနာရီမှာ ၁-၂ ခါနှာခေါင်းထဲ ပန်းပေးရတယ်။ အားကောင်းချက်တွေ = ဆေးပမာဏ ပြုသာပြင်သာရှိတယ်။ စိတ်ကတောင်းဆိုလာတိုင်းသုံးနိုင်တယ်။ ဆေးစွမ်းကမြန်တယ်။ ဆေးလိပ်သောက်ချင်စိတ်ကို မိနစ်ပိုင်းအတွင်းပျောက်စေမယ်။ အားနည်းချက်တွေ = နှာခေါင်းနဲ့ မျက်စိကို အနေရခက်စေမယ်။ တပါတ်နေရင် ပျောက်သွားပါမယ်။ ခဏခဏသုံးနေရမယ်။

Nicotrol® Inhaler ပလပ်စတ ဆလင်ဒါလေးဖြစ်တယ်။ (နီကိုတင်း) ကို ပါးစပ်ထဲကနေထုတ်ပေးမယ်။ အဆုပ်ထဲအထိမရောက်ပါ။ ကိုယ်ထဲကိုရောက်တာ နှေးတယ်။ တခုကို အခါ ၈ဝ အထိသုံးနိုင်တယ်။ မိနစ် ၂ဝ ကြာသုံးဘို့ဖြစ်တယ်။ တနေ့မှာ ၆ ခုသုံးပြီး၊ ၃-၆ ပါတ်ကြာနိုင်တယ်။ အားကောင်းချက်တွေ = ဆေးပမာဏ ပြုသာပြင်သာရှိတယ်။ ဆေးလိပ်သောက်နေရသလို အသွင်ဆောင်တယ်။ ဘေးထွက်-ဆိုးကျိုး နည်းတယ်။ ဆေးကပ်ခွါထက် မြန်တယ်။ အားနည်းချက်တွေ = အကြိမ်ရေများတယ်။ ပါးစပ် လည်ချောင်း အနေရခက်နိုင်တယ်။

Non-nicotine Pill - ZYBAN™ ဆေးပြား

လက်ရှိမှာ ထိရောက်တဲ့ဆေးလို့သတ်မှတ်ခံထားရတယ်။ တပါတ်ကြိုတင်းတယ်လို့ ယူဆရမယ်။ ဆေးလိပ် သောက်နေရသလို သက်ရောက်မှုတွေရမယ်။ ဖြတ်တဲ့အချိန်မှာ ခံစားရမှာတွေကို နည်းစေမယ်။ သောက်ခြင်စိတ် နည်းမယ်။ ဦးနှောက်ထဲက dopamine နဲ့ norepinephrine ဓါတ်တွေအပေါ် သက်ရောက်မယ်။ ၇-၁၂ ပါတ် အချိန်ယူနိုင်တယ်။ အားကောင်းချက်တွေ = သုံးရတာပိုလွယ်တယ်။ဘေးထွက်-ဆိုးကျိုး နည်းတယ်။ ဆေးကပ်ခွါနဲ့လဲတွဲသုံးနိုင်တယ်။ အားနည်းချက်တွေ = အစားအသောက်ပျက်နေသူတွေနဲ့မသင့်ပါ။ တက်တာမျိုး ရှားရှားပါးပါးဖြစ်နိုင်တယ်။ အတက်ရောဂါရှိသူတွေ မသုံးရ။

သတင်းကောင်းပေးပါရစေ။ ဆေးလိပ်သမားတွေထဲက ဖြတ်မယ်ဆိုသူတွေထဲက ၅ဝ% အောင်မြင်ကြပါတယ်။ သန်းပေါင်းများစွာထဲမှာ သင်လည်းပါဝင်ပါစေ။ လူကြီးမင်း ဆေးလိပ်ဖြတ်နိုင်တဲ့အတွက် ချီးကျူးပါရစေ။

1. E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၁) https://doctortintswe.blogspot.com/2016/05/e-cigarette.html

2. E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၂) https://doctortintswe.blogspot.com/2016/05/e-cigarette_21.html

3. Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ https://doctortintswe.blogspot.com/2015/02/smoking-and-cancer.html

4. Smoking Causes 12 Different Kinds of Cancers ဆေးလိပ်သောက်တာကနေ ကင်ဆာ ၁၂ မျိုးကိုဖြစ်စေနိုင်တယ် https://doctortintswe.blogspot.com/2015/06/smoking-causes-12-different-kinds-of.html?q=smoking

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ